ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့ (၀၄း၀၀)အချိန်မှ (၀၆း၄၅)အချိန်ထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက် လာမှုကြောင့် သစ်ပုတ်ပင်ကျေးရွာအုပ်စု၊ သစ်ပုတ်ပင်ကျေးရွာရှိ ရေနောက်မျောပါလုံးဝပျက်စီး လူနေအိမ်(၂)လုံး၊ ကြိုတင် ပြောင်းရွှေ့ လူနေအိမ်(၂)လုံးနှင့် ကန်သာကျေးရွာအုပ်စု၊ သဲဖြူကျေးရွာရှိ ရေနောက်မျောပါ လုံးဝပျက်စီးလူနေအိမ်(၁)လုံးနှင့် ကျသောင်းတောင်ကျေးရွာအုပ်စု၊ ကျေးတန်းကူးကျေးရှိ ကြိုတင်ပြောင်းရွှေ့ လူနေအိမ်(၁)လုံး၊ စုစုပေါင်း လူနေအိမ်(၆)လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၇၀၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၃၇၈၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၇၃၇၈၀ဝ/-)ကျပ်တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၃-၈-၂၀၂၀)ရက်နေ့ (၁၃း၃၉)အချိန်တွင် ရေဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: နေပြည်တော်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_fld
#npw_aug2020

Sign Up

Upcoming Events