Latest News
-
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ပြည်သူများတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာ(၅-၈-၂၀၂၀)ရက်နေ့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၃၃)စုမှ လူဦးရေ(၁၄၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၃၁၂,၉၀၀/-)ကျပ်၊ အိမ်ထောင်စု(၃၃)စုအတွက် ဆပ်ပြာ(၃၃)တောင့်နှင့် လူဦးရေ (၁၄၉)ဦး အတွက်(၁)ဦးလျှင် Surgical Mask (၂)ခုနှုန်းဖြင့် (၂၉၈)ခုတို့အား (၇-၈-၂၀၂၀)ရက်နေ့ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ထုံးဘိုကျေးရွာ၊ မြသိန်းတန်ဘုရား ယာယီကယ်ဆယ်ရေး စခန်း၌ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_aug2020 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၈-၂၀၂၀)ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ မြို့ပေါ်ရှိရပ်ကွက်(၁၊ ၂၊ ၃၊ ၄၊ ၅)နှင့် ကလပ်ရပ်ကျေးရွာအုပ်စု၊ တဲ့တဲ့ကူးကျေးရွာအုပ်စုတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရေးအတွက် ပြည်သူများအလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင်ဖြစ်ပွား လေ့ရှိသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးအသိပေးချက်များကို လှည့်လည်ဟောပြောခဲ့ပြီး ဘေး(၈)မျိုး လက်ကမ်းစာစောင်များဝေငှခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ၌ (၃-၈-၂၀၂၀)ရက်နေ့တွင် ရေဘေးဖြစ်ပွားခဲ့သောကြောင့် ရေဘေးသင့်အိမ်ထောင်စု(၅၈)စု၊ ဘေးသင့်လူဦးရေ(၂၄၃)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၁၀,၃၀၀/-)ကျပ်၊ ဆပ်ပြာ(၅၈)တောင့်၊ တစ်အိမ် ထောင်လျှင် ခေါက်ဆွဲခြောက်ထုပ်(၁၀)ထုပ်နှုန်းဖြင့်(၅၈၀)ထုပ်၊ ဘေးသင့်လူဦးရေ(၂၄၃)ဦး အတွက် တစ်ဦးလျှင်Mask(၂)ခုနှုန်းဖြင့်(၄၈၆)ခုတ်ို့အား (၇-၈-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်၀ယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_aug2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၈-၂၀၂၀)ရက်နေ့ (၁၂:၀၀)အချိန်မှ (၁၆:၃၀)အချိန်ထိ ဘားအံမြို့အတွင်းရှိ နောင်ဘိုကြီးကျေးရွာ၊ မီးသွေးဖို ကျေးရွာ၊ တာဘောင်ကျေးရွာ၊ ကျောက်တောင်ကျေးရွာနှင့် ကော့ပေါ်ကျေးရွာများသို့ COVID -19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရေးအတွက် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်းနှင့် ရေဘေး၊ မုန်တိုင်းဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_aug2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုလောမြို့နယ် လိပ်သောင် ကျေးရွာအုပ်စု၊ လယ်ဖက်ကျးရွာနှင့် ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ကံမော်ကြီကျေးရွာတို့တွင် (၄-၈-၂၀၂၀)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၂၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၀)ဦးတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၂,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၆၂,၀၀၀/-)ကျပ်တို့အား (၇-၈-၂၀၂၀)ရက်နေ့ (၁၆း၃၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #tny_aug2020
-
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၈-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြီး မျောပါနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁ဝဝ,ဝဝဝ/) ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး တစ်အိမ်ထောင် စာတို့အား(၇-၈-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_aug2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more









