COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့၌ ဘိုကလေးမြို့နယ်၊ ဟိုင်းစီကျေးရွာအုပ်စု၊ ဟိုင်းစီကျေးရွာတွင် (၁၃:၀၀) နာရီအချိန်၌လည်းကောင်း၊ အထက်စုကျေးရွာတွင် (၁၃:၃၀) နာရီအချိန်၌လည်းကောင်း၊ ဂွေးတောက်ကုန်းကျေးရွာတွင် (၁၄:၀၀) နာရီအချိန်၌လည်းကောင်း၊ ရွာတန်းရှည်ကျေးရွာတွင် (၁၄:၃၀) နာရီအချိန်၌လည်းကောင်း၊ အောက်စု ကျေးရွာတွင် (၁၅:၀၀) နာရီအချိန်၌လည်းကောင်း၊ ဖိုးရွှေလုံးကျေးရွာတွင် (၁၅:၃၀) နာရီအချိန်၌ လည်းကောင်း၊ ကံကုန်းကျေးရွာတွင် (၁၆:၀၀) နာရီအချိန်၌လည်းကောင်း၊ မစိန်းကျေးရွာတွင် (၁၆:၃၀)နာရီအချိန်၌လည်းကောင်း၊ ရေကျော်ဝကျေးရွာတွင် (၁၇:၀၀) နာရီအချိန်၌လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် သဘာဝဘေးအသိပညာပေးခြင်းတို့အား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း လှည့်လှည်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_aug2020

Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events