ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်း ကျေးရွာအုပ်စု၊ ရန်အောင်ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ်(၅) ရပ်ကွက်၌ မီးဘေးထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ အမှတ် (၆) ရပ်ကွက်၌ (၅-၈-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အမိုးလန် ဘုန်းကြီး ကျောင်း (၂) ကျောင်းနှင့် အမိုးလန်နေအိမ် (၆) လုံးတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၈၀,၀၀ဝ/-) ကျပ်အား (၆-၈-၂၀၂၀) ရက်နေ့၊ (၁၈:၃၀) အချိန်တွင်လည်းကောင်း၊ ပဲခူးမြို့နယ်၊ ဝါးပြန်ကုန်းကျေးရွာအုပ်စု၌ လေဘေးသင့် အမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ … Read more

  • Covid-19 ကူးစက်မှု (ဒုတိယလှိုင်း)မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၈.၂၀၂၀) ရက်နေ့ ၊ မနက် (၀၈;၃၀) နာရီအချိန်မှစ၍ နေ့လည် (၁၁:၀၀) နာရီ အချိန် အထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ကံကြီကျေးရွာ၊ စာဖြူစုကျေးရွာ၊ တောင်စုကျေးရွာ၊ တဲကြီးကျေးရွာ၊ ညောင်ကျိုး ကျေးရွာ၊ ရှမ်းကွင်းကျေးရွာတို့တွင် လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid -19 ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ (၂၉.၇.၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် … Read more

  • Covid-19 ကူးစက်ရောဂါ၊ သဘာဝဘေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာ အုပ်စု၊ ကညင်ပင်ကျေးရွာ၊ ကန့်လန့်ကျေးရွာ၊ ဒလယ်အက်ကျေးရွာတို့တွင် (Covid-19) ဒုတိယလှိုင်း ကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို (၉-၈-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ကျေးရွာ/ရပ်ကွက်နေမိဘပြည်သူတို့ကို အသိပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_aug2020     Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ တပေတမော့ကျေးရွာအုပ်စု၊ ပန်းပဲစုကျေးရွာ၊ ကျုံကလွတ်ကျေးရွာအုပ်စုတို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများ ပြည်သူ အလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန် အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင် ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_aug2020

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီး၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် ပြည်သူ့အတွက် COVID – 19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်ရှင်းလင်းမှုသတင်း

    ဩဂုတ်၉၊မကွေး မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်းများကြောင့် ကရင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရေးကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခြင်း၊ စားနပ်ရိက္ခာများ၊ ဆန်ရိက္ခာဖိုး ငွေများ၊ ပျက်စီး/ပြောင်းရွှေ့ရသော နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ခြင်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့သို့ဆောင်ရွက်ရာလျက်ရှိရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ် တို့ရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးခြင်းနှင့် … Read more

  • ဝန်ထမ်းအိမ်ယာဆောက်လုပ်နေမှုအား စစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၂၀) ရက်နေ့တွင် မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၌ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောက်လုပ်လျက်ရှိသော (၄) ခန်းတွဲ (၂) ထပ်ဝန်ထမ်းအိမ်ယာ (၈၀) ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါကြောင်း သတင်းရရှိသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #otr #mgy_aug2020