Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိ ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၂-၈-၂၀၂၀) ရက်နေ့ (၁၀:ဝဝ) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ ပြည်သူများအား Covid- 19 ရောဂါ ကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက် များနှင့်ပတ်သက်၍ လယ်ဝေးမြို့နယ်၊ အေလာ ကျေးရွာအုပ်စု၊ ရေလည်ကွေ့ကျေးရွာ၊ အင်တောသာကျေးရွာ၊ ရန်ကင်းကျေးရွာ၊ ဇေယျာသိမ် ကျေးရွာနှင့် နောင်ဘိုကျေးရွာအုပ်စု၊ နောင်ဘိုရွာမကျေးရွာ၊ နောင်ဘိုရေစက်ကျေးရွာ၊ နောင်ဘို တပ်ပိုးကျေးရွာများအတွင်းရှိ ပြည်သူများသို့ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့် ဝေပေးအပ်၍ အသိပညာ‌ပေးခြင်းများကို ထိရောက်စွာ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

#ar
#npw_aug2020
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events