Latest News
-
Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀) ရက်နေ့တွင် ပေါင်းတည်မြို့၊ ဈေး(၁)၊ ဈေး(၂)၊ မင်းကွက်(၃)၊ ပျဉ်းပင်ကန်နှင့် ဘွဲ့ပင်ကန်ရပ်ကွက်များအတွင်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များကိုလည်းကောင်း၊ မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_aug2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဗိုလ်အောင်ဇေယျရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ ရေဦးကုန်းကျေးရွာနှင့် မကျီးတောကျေးရွာများအတွင်း Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၂၀) ရက်နေ့တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ ကွမ်သဲကျေးရွာနှင့် ကုလားဘီကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
IDPs စခန်းများမှ အိမ်ထောင်စုများအတွက် ဆပ်ပြာခဲများနှင့် ထုံးအိတ်များထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မံစီမြို့နယ် နှစ်ခြင်း IDPs စခန်းမှ အိမ်ထောင်စု(၁၇၇)စု၊ လူဦးရေ(၇၈၃)ဦးအတွက် Paris ဆပ်ပြာ (၇၈၃)ခဲနှင့် ထုံးအိတ်(၁၀)အိတ်၊ မိုင်းခေါင် နှစ်ခြင်းIDPs စခန်းမှ အိမ်ထောင်စု(၃၆၅)စု၊ လူဦးရေ(၁၅၈၆)ဦးအတွက် Paris ဆပ်ပြာ (၁၅၈၆)ခဲနှင့် ထုံးအိတ်(၁၀)အိတ်၊ မိုင်းခေါင် RC စခန်းမှ အိမ်ထောင်စု (၁၅၄)စု၊ လူဉီးရေ (၇၁၇)ဦးတို့အတွက် ဆပ်ပြာ(၇၁၇)ခဲနှင့် ထုံး(၁၀)အိတ်တို့အား (၁၅-၈-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုအတွင်းရှိ ပေါက်တောကျေးရွာ၊ ပေါက်ကွဲကျေးရွာ၊ ကူးတို့ဆိပ်ကျေးရွာ၊ ရှမ်းချောင်ကျေးရွာနှင့် ကျောက်တလုံးကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ သဇင်ကုန်းကျေးရွာအုပ်စု၊ ကတက်ကုန်းကျေးရွာ၊ သဇင်ကုန်း ကျေးရွာ၊ မယ်တော်စုကျေးရွာနှင့် ဘိုလှိုင်ချောင်းကျေးရွာများအတွင်း Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြည်သူများလိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့်ပတ်သက်သည့်သဘာဝဘေးအသိပညာပေးခြင်းတို့အားလည်းကောင် အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: … Read more









