လေဘေးအတွက် ထောက်ပံမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၀) တွင် သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ၊ အုတ်ရှစ်ကျေးရွာအုပ်စု၊ လိမ်ကုန်းကျေးရွာ၊ ရှောပြာကုန်း ကျေးရွာအုပ်စု၊ ကျားကျွန်းကျေးရွာ၊ ဆပ်သွားကျေးရွာအုပ်စု၊ ရှောပြာကုန်းကျေးရွာ၊ ကွင်းပေါက်ကျေးရွာအုပ်စု၊ တင်းကုတ်ကြီးကျေးရွာ၊ မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ အညာတန်း ကျေးရွာ၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာ၊ ငှက်စံကျွန်းကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ်(၄)လုံး၊ အမိုးလန်ပျက်စီး​​နေအိမ် (၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၁၀၀၀၀ဝ/-)၊ လူဦးရေ(၅၂)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၁၀၉၂၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၂၀၉၂၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၄) အိမ်ထောင်စာ (၁၃၉၀၁၂/-) ကျပ်အား (၁၈-၈-၂၀၂၀) ရက်နေ့ (၁၃၃၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_aug2020

Source:  သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events