Latest News
-
ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မြေနုကျေး ရွာအုပ်စု၊ မြေနုကျေးရွာတွင်(၁၇-၈-၂၀၂၀) ရက်နေ့က ဖြစ်ပွားသော ကမ်းပြိုပြောင်းရွှေ့အိမ် ထောင်စု (၄)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင် စာတို့အား (၁၈-၈-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ် ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_aug2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့တွင် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် IDPနှစ်ခြင်းဘုရားကျောင်း၊ နောင်ကိုင်တော်မဟောင်IDP စခန်းနှင့် နတ်ကြီးကုန်းIDPစခန်း(၃) ခုမှ အိမ်ထောင်စု(၃၈) စု၊ လူဦးရေ (၁၉၃) ဦးအတွက် ဆပ်ပြာ(၁၉၃) ခဲနှင့် ထုံး(၃၀) အိတ်တို့အားသွားရောက်ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #kcn_aug2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့ နယ်၊ ခံသာကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာတွင် (၁၉-၈-၂၀၂၀)ရက်နေ့၌ မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-)ကျပ်တို့အား (၁၉-၈-၂၀၂၀) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_aug2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
(Covid-19) ရောဂါ၊ သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် ပူးပေါင်း၍ (၂၀-၈-၂၀၂၀)ရက်နေ့ နံနက်(၀၇:၀၀) အချိန်တွင် မင်းကင်းမြို့ ယာယီဈေး၌ (Covid-19) ရောဂါနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် mask၊ ရေဘေးနှင့် မြေပြိုဘေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_aug2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီချိန်မှ (၁၁:၀၀)နာရီချိန်အထိ လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေးရွာအုပ်စုအတွင်းရှိ ကမြောကြီးကျေးရွာ၊ ကဘူကျေးရွာနှင့် ဆင်ကူးကျေးရွာ များမှ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝ ဘေးအန္တရာယ်များဖြစ်သည့် မြေပြိုဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း … Read more
-
ဒဏ်ရာရလူနာများအတွက် ထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၂၀) ရက်နေ့ (၀၇:၁၄)နာရီအချိန်တွင် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ မီးရထားရဲစခန်းရှေ့၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ညောင်ပင်လဲကျကာ ဒဏ်ရာရရှိသူ(၂)ဦးအတွက် (၁)ဦးလျှင် (၅၀၀၀ဝ/-)ကျပ်နှုန်းဖြင့် (၁၀၀၀၀ဝ/-)ကျပ်အား (၁၉-၈-၂၀၂၀)နေ့ (၁၅:၀၀)နာရီအချိန်၌ အောင်နန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_aug2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









