ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀) ရက်နေ့မှ (၂၄-၈-၂၀၂၀) ရက်နေ့ထိ ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊(ဖောင်ဆိပ်၊ငှက်ပျောတော၊တာငုတ်) ကျေးရွာတို့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ခြေ (၃၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၁၃)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၃၇၃၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၇၃၇၃၀၀/-)ကျပ်တို့ကို (၂၅-၈-၂၀၂၀) ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် အိပ်ပျက်ကျေးရွာအုပ်စု၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#ayy_aug2020

Sign Up

Upcoming Events