Latest News
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်အတွင်း (၂၂.၈.၂၀၂၀)ရက်နှင့် (၂၃.၈.၂၀၂၀)ရက်နေ့များ၌ ချင်းတွင်း မြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာ(၈)ရွာ၌ ပြောင်းရွေ့ခဲ့ရသော အိမ်ထောင်စု(၄၇)စုအတွက် ကာဘော် လိပ်ဆပ်ပြာ(၄၇)တောင့် လူဦးရေ(၂၂၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၄၆၈၃၀၀/-) ကျပ်တိတိအား (၂၄.၈.၂၀၂၀)ရက်နေ့ (၁၃:၃၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကယ်ဆယ်ရေးစခန်းများတွင် သွားရောက်ထောက်ပံ့ ခဲ့ပါသည်။ အဆိုပါချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် (၂၁.၈.၂၀၂၀)နေ့တွင် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်း ရေဝင်ပြောင်းရွေ့အိမ်စု(၁၅)စုအတွက် ဆပ်ပြာ(၁၅)တောင့်၊ လူဦးရေ(၆၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၁၃၈၆၀၀/-)ကျပ်တိတိအား (၂၄.၈.၂၀၂၀)ရက်နေ့(၁၁:၀၀)အချိန်တွင် … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ ဘိသလွန်ကျေးရွာအုပ်စု၊ (ဘိသလွန်၊ ကရင်တေါ၊ ဗေါဓိ၊ ဝါးရုံစု) ကျေးရွာတို့တွင် နံနက် (၀၈:၀၀)နာရီချိန်မှ (၁၁:၀၀)နာရီ အချိန်ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ် မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုတ်ကျေးရွာအုပ်စု၊ တိမ်မြုတ်ရွာမကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၂၄-၈-၂၀၂၀) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ အုတ်ဖို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw … Read more
-
Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်စေရန်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စုရှိ ထနီးကျေးရွာ၊ ရွာသစ်စု ကျေးရွာ၊ သံကြိုးတိုင်ကျေးရွာ၊ မအူလေးပင်ကျေးရွာ၊ ကနုံကျေးရွာ၊ပလောင်ကျေးရွာနှင့် ရွှေသစ်ချောင်းကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြော ခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် ဘေး (၈) မျိုးလက်ကမ်း စာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: … Read more
-
Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြင်းဖြူကြီးကျေးရွာ၊ ချောက်ချောင်း ကျေးရွာနှင့် ပိတိုင်ကျေးရွာတို့တွင် လော်စပီကာ၊Memory stick နှင့်Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လှည့်လည် ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဝေငှခဲ့ကြောင်း … Read more
-
Covid-19ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ ညောင်ပင် သာယာကျေးရွာအုပ်စု၊ ညောင်ပင်စုကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ဥရှစ်ကုန်းကျေးရွာနှင့် ကြာအင်းကုန်းကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









