
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၂၀) ရက်နေ့၌ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သစ်ရောင်းကျေးရွာအုပ်စု၊ သံပတ်ကွင်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ ဝင်ရောက်သဖြင့် ရေနောက်မျောပါ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၁၅၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၁၇၁၅၀၀/-)ကျပ်အား (၂၆-၈-၂၀၂၀)ရက်နေ့ (၁၀၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_fld
#ayy_aug2020