လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စုရှိ ရှေ့ဘက်ကမ်း ကျေးရွာ၊နောက်ဘက် ကမ်းရွာ၊ လှိုင်းတာကျေးရွာ၊ တပွတ်တနောင်ကျေးရွာနှင့် ဖိုးရာဝဲကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေး အန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည်လည်ဟောပြောခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာဖြန့်ဝေခြင်းနှင့် ဘေး (၈)မျိုးလက်ကမ်းစာစောင် ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)