ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် COVID 19 ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း Facllity Quarantine Center အဖြစ် အသုံးပြုနိုင်သည့် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့ရှိ Shelter များတွင် တပ်ဆင်ရန် စုစုပေါင်းဘေစင် (၆) ခု၊ ရေသိုလှောင်ကန်၊ ပိုက်နှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ရန် shelter(၁) လုံး လှျင်တန်ဖိုးငွေ (၁,၅၀၀,၀၀၀/-) ကျပ်နှုန်း ဖြင့်(၂) လုံးအတွက် စုစုပေါင်းငွေ (၃,၀၀၀,၀၀၀) ကျပ်တိတိအား(၂၅-၈-၂၀၂၀)ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ … Read more

  • Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့၊ (ဝ၇:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ Covid-19 ရောဂါကြိုတင် ကာကွယ် ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့် လေပြင်းဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင်ရေး အသိပညာပေးနိုးဆော်ခြင်းများကို Hand Speaker အသုံးပြု၍ ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါကျေးရွာတွင် ဆောင်ရွက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_aug2020

  • ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ငါးခုန်ကျေးရွာအုပ်စု၊ ရှာတောကျေးရွာ (၂၄-၈-၂၀၂၀) ရက်နေ့ ချင်းတွင်း မြစ်ရေမြင့်တက်မှုကြောင့် ထပ်မံပြောင်းရွှေ့အိမ်ထောင်စု (၂၃) စု လူဦးရေ (၁၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၄၃,၆၀၀/-)ကျပ်၊ ဆပ်ပြာ (၂၃) တောင့်၊ mask (၁၁၆) ခု အား (၂၆-၈-၂၀၂၀) ရက် နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_aug2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးခရိုင်၊ ကလေးဝမြို့နယ်အတွင်း (၂၁-၈-၂၀၂၀) ရက်နေ့မှ (၂၃-၈-၂၀၂၀) ရက်နေ့အထိ ရေဝင်၍ ပြောင်းရွှေ့ရသည့် ရပ်ကွက်(၁)ခုနှင့် ကျေးရွာ(၁၂)ရွာမှ အိမ်ခြေ(၃၇)လုံး၊ အိမ်ထောင်စု (၃၇)စု၊ လူဦးရေ(၁၄၈)ဦးတို့အတွက် ဆပ်ပြာ(၃၇)တောင့်၊ mask(၁၄၈)ခုနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၁၀,၈၀၀/-) ကျပ်အား(၂၆-၈-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ကလေးဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကလေးဝ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဟော်နန်း ရပ်ကွက်၊ လက်ခုတ်တန်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_aug2020

  • ယာယီရေဘေးရှောင်စခန်းရှိပြည်သူများအားFirst Aid Kit ထောက်ပံ့ပေးအပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှားပင်ကျေးရွာအုပ်စု၊ ရှားပင်ကျေးရွာ၊ သဖန်းပင်ကျေးရွာနှင့် နှုံးပို့ကျေးရွာတို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရှားပင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာတွင်ဖွင့်လှစ်ထားသော ယာယီရေဘေး ခိုလှုံရေးစခန်းတွင် နေထိုင်လျက်ရှိသော အိမ်ထောင်စု (၉၃) စု၊ လူဦးရေ (၄၄၅) ဦးတို့အတွက် First Aid kit (၂၄) ထုပ်တို့ကို (၂၅-၈-၂ဝ၂ဝ) ရက်နေ့တွင် ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။ #ha_fld #mgy_aug2020   Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)