လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀)ရက်နေ့နှင့် (၂၇-၈-၂၀၂၀) ရက်နေ့(၀၉:၀၀) နာရီအချိန် ခန့်၌ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စုအတွင်း ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရေဝင်ရောက်ခဲ့သည့် အိမ်ခြေ(၁၅)စု၊ အိမ်ထောင်စု(၁၅)စုတို့မှ လူဦးရေ(၈၂)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၇၂,၂၀ဝ) ကျပ်တို့ကို (၂၇-၈-၂၀၂၀)ရက်နေ့ (၁၅:၀၀)နာရီအချိန် ဒူးရင်းဆိပ်ကျေးရွာရှိ ရွာလယ် ဓမ္မာရုံနှင့် တပ်ဦးဘုန်းကြီးကျောင်းတို့၌ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)