လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ တောင်ကိုင်းအုပ်စု၊ ညောင်ပင်စောက် ကျေးရွာ၊ ဒိုးပင်ကျေးရွာနှင့် တောင်ကိုင်းကျေးရွာတို့တွင် (Covid-19) ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများနေထိုင်ရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာ ပေးဟောပြောခြင်း၊ အခြားသောသဘာဝဘေးများနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေ ပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)