မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၁-၉-၂၀၂၀) ရက်နေ့တွင် ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ သူဌေးကုန်းရပ်ကွက်၊ ဇေယျာချောင်ရပ်ကွက်၊ စက်ပန်းရပ်ကွက်၊ ကျန်တောရပ်ကွက်၊ ပိန္နဲကုန်းရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ သဖန်းကိုင်းရပ်ကွက်၊ စေတီကုန်းရပ်ကွက်၊ မိဿလင်းကျေးရွာရှိ ပြည်သူများအား COVID-19ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_sep2020 Source:                         ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် COVID19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု (၁)စုလျှင် (၄၀၀၀၀) ကျပ်နှုန်းဖြင့် မိုးမောက်နှစ်ခြင်း IDps စခန်းတွင် အိမ်ထောင်စု(၄၁၇)၊ လူဦးရေ(၂၀၀၃)ဦးနှင့် မိုးမောက် RC IDps စခန်းတွင် အိမ်ထောင်စု(၈၈)စု၊ လူဦးရေ(၄၁၄)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၅၀၅)ဦး၊ လူဦးရေ(၂၄၁၇)ဦးတို့အား စုစုပေါင်းထောက်ပံ့ငွေ (၂၀,၂၀၀,၀၀၀) ကျပ်တိတိ အား (၁-၉-၂၀၂၀) ရက်နေ့ (၁၅:၃၅) နာရီအချိန်တွင် IDps စခန်းနေ မိသားစုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်မှစ၍ ခန္တီးမြို့နယ်၊ နန်မုံကျေးရွာတွင် COVID-19 ကူးစက်ရောဂါ အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့ပြီး သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020

  • CERP အစီအစဉ်အရ မောင်တောခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများဆောင်ရွက်

    COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀ဝိ/-)ကျပ်နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ငွေ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားအား (၂၁-၈-၂၀၂၀)ရက်နေ့တွင် Virtual Meeting အဖြစ် ကျင်းပဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ CERP အစီအစဉ်အရ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ စေတီတောင်ရွာ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု(၆၂၄)စု၊ ခွဆုံရွာ ဘုန်းကြီးကျောင်းမှ … Read more

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ​(၂၇/၃၀-၈-၂၀၂၀)ရက်နေ့၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် သရက်​မြို့နယ်၊​ ရေ​ပေါ်ကျွန်း​ကျေးရွာအုပ်စု၊ ​ရေပေါ်ကျွန်း​ကျေးရွာနှင့် စမ်းအိုင့်ကျေးရွာအုပ်စု၊ စမ်းအိုင့်ကျေးရွာတို့တွင် လူနေအိမ် (၁၄)လုံး၊ အိမ်ထောင်စု (၁၄)စု၊ လူဦးရေ (၄၈) ဦး ပြောင်းရွှေ့ခဲ့ရပြီး အဆိုပါ ရေဘေးသင့်ပြောင်းရွှေ့ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀၀၈၀၀) အား (၁.၉.၂၀၂၀) ရက်​နေ့၊ နေ့လည် (၁၅:၃၀)အချိန်တွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   … Read more

  • Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁-၉-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့၊ ဟိုပိတ်ကျေးရွာအုပ်စု၊ ဟိုပိတ်ကျေးရွာနှင့် ကုန်းဆာကျေးရွာတို့၌ Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများလိုက်နာရမည့်ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို ဆောင်ရွက်ခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းနှင့် Hand Gel များဖြင့် လက်သန့်စင်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)