
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀,၀၀၀/-) ကျပ်နှုန်းဖြင့် မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာရှိနှစ်ခြင်း (IDPs) စခန်းတွင် အိမ်ထောင်စု (၂၈၆) စု၊ လူဦးရေ (၁၄၅၂) ဦးနှင့် ကက်သလစ် (IDPs) စခန်းတွင် အိမ်ထောင်စု (၅၉၆) စု၊ လူဦးရေ (၃၂၄၈) ဦး၊ စုစုပေါင်းအိမ်ထောင်စု (၈၈၂) ဦး၊ လူဦးရေ (၄၇၀၀) ဦးတို့အား စုစုပေါင်းထောက်ပံ့ငွေ (၃၅,၂၈၀,၀၀၀/-) ကျပ်အား (၁-၉-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မံစီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေဦးစီးဌာနမှ တစ်ဆင့် ထောက်ပံ့ငွေများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#kcn_sep2020