Latest News
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ (၀၉း၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ ရဘိန်းကျေးရွာအုပ်စု၊ ရေပြာကျေးရွာ၊ ရဘိန်းကျေးရွာ(တောင်)၊ ရဘိန်းကျေးရွာ(မြောက်)၊ ကြိမ်မျှောင်ကျေးရွာ၊ အောင်စည်နတ်ကန်ကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာများအတွင်းရှိ ပြည်သူများသို့ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_sep2020 Source: … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးတို့မှ (၈-၉-၂၀၂၀)ရက် ရသေ့တောင်မြို့နယ်၊ ဆင်ခုန်တိုင်ကျေးရွာ၌ အိမ်ထောင်စု(၃၅)စု လူဦးရေ(၁၂၀)ဦး၊ ဇီးခေါင်းကျေးရွာ၌ အိမ်ထောင်စု(၃၁) စု၊ လူဦးရေ(၁၈၇)ဦး၊ သမီးလှရွာသစ်၌ အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၆၅)ဦး၊ တောင်ရင်းတန်းရပ်ကွက်၌ အိမ်ထောင်စု(၆၆၃)စု၊ လူဦးရေ(၂၆၈၉)ဦး၊ အောင်စည်ကုန်းရွာ၌ အိမ်ထောင်စု(၆၀)စု၊ လူဦးရေ(၂၂၀)ဦး၊ အရှေ့မြောက်ရပ်ကွက်၌ အိမ်ထောင်စု(၁၇၅၆)စု၊ လူဦးရေ(၆၆၀၇)ဦး၊ သိန်တောင်ကျေးရွာ၌ (၁၀၃)စု၊ လူဦးရေ(၄၃၁)ဦး၊ ကူတောင်ကျေးရွာ၌ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၅)ဦး၊ ပြိန်းတောကျေးရွာ၌ အိမ်ထောင်စု(၂၄)စု၊ လူဦးရေ(၁၂၈)ဦး၊ ချောင်းဝကျေးရွာ၌ အိမ်ထောင်စု(၁၅၈)စု၊ လူဦးရေ (၆၁၁)ဦး၊ ကံပြင်ကျေးရွာ၌ … Read more
-
COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ အတွင်းရှိ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို Online အခမ်းအနားဖြင့် ကျင်းပမှုသတင်း
စက်တင်ဘာ ၉၊ နေပြည်တော် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ အတွင်းရှိ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက Online အခမ်းအနားဖြင့်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ လုပ်ငန်းရပ်များတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများစနစ်တကျနှင့် ပိုမိုခိုင်မာအား ကောင်းစွာ ရေရှည်ရပ်တည်နိုင်စေရေး ပါဝင်ပါကြောင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ တည်ထောင် … Read more
-
Facility Quarantine Center အဖြစ် အသုံးပြုနိုင်သည့် Shelter များတွင် လက်ဆေးဘေစင်နှင့် ဆက်စပ်လုပ်ငန်းများပြုလုပ်ရန် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက် နေ့တွင် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း Facility Quarantine Center အဖြစ် အသုံးပြုနိုင်သည့် Shelter (၁) လုံးလျှင် လက်ဆေးဘေစင် (၃) ခု၊ ဖိုက်ဘာ ရေစည်၊ ပိုက်နှင့် ဆက်စပ်ပစ္စည်းများပါဝင်သည့် လုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် Shelter (၁) လုံးလျှင် ကျပ် (၁၅) သိန်းစီဖြင့် … Read more
-
ဗန်းမော်မြို့နယ်ရှိ IDPs စခန်းများအတွက် ဆပ်ပြာနှင့် ထုံးအိတ်များ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ဗန်းမော်မြို့နယ်၊ လီဆူနှစ်ခြင်းဘော်ဒါ IDPs စခန်းမှ အိမ်ထောင်စု (၁၁၃)စု လူဦးရေ(၆၄၅)ဦးအတွက် paris ဆပ်ပြာ(၆၄၅)ခဲ၊ ထုံးအိတ်(၁၀)အိတ်၊ နှစ်-၂၀၀၀ (RC)IDPs စခန်းမှ အိမ်ထောင်စု(၁၆၆)စု၊ လူဉီးရေ(၇၈၇)ဦးတို့အတွက် ဆပ်ပြာ(၇၈၇)ခဲ၊ ထုံး(၁၀)အိတ်၊ ရောဘတ်ကျောင်းIDPsစခန်းမှ အိမ်ထောင်စု(၆၂၈)စု၊ လူဉီးရေ(၃၉၅၅)ဦးတို့အတွက် ဆပ်ပြာ(၃၉၅၅) ခဲ၊ ထုံး(၁၀)အိတ်၊ မူရင်းနှစ်ခြင်းlDPsစခန်းမှ အိမ်ထောင်စု(၁၁)စု၊ လူဉီးရေ(၅၀)ဦးတို့အတွက် ဆပ်ပြာ(၅၀) ခဲ၊ ထုံး(၁၀)အိတ်၊ ထွယ်ဆန်ကျောင်းlDPsစခန်းမှ အိမ်ထောင်စု(၃၇)စု၊ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀) ရက်နေ့၌ ကျိုက်လတ်မြို့နယ်၊ ကျွဲတလင်းကျေးရွာအုပ်စု၊ ကျွဲတလင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၂၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၄၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁) အိမ်ထောင်စာ (၃၄၇၅၃/-)ကျပ်အား (၉-၉-၂၀၂၀) ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_sep2020









