လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀) ရက်နေ့တွင် နမ့်ခမ်းမြို့နယ်ရှိ IDPs (Camp)စခန်း (၆)ခုမှ တိုက်ပွဲရှောင်ပြည်သူများအတွက် Covid-19 ကူးစက်ရောဂါကာကွယ်ရာတွင် အသုံးပြုရန်အတွက် စခန်း(၁)ခုလျှင် ထုံးအိတ် (၁၀)အိတ်နှုန်းဖြင့် ထုံးအိတ်(၆၀)အိတ်နှင့် (၁)ဦးလျှင် ဆပ်ပြာခဲ(၄)ခုပါ (၁)တောင့်နှုန်းဖြင့် လူဦးရေ (၁၈၈၆)ဦးအတွက် ဆပ်ပြာတောင့် (၁၈၈၆)တောင့်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)