Latest News
-
Covid19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၉-၉-၂၀၂၀)ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၁)ရပ်ကွက်၊ အမှတ်(၄၂)ရပ်ကွက်၊ အမှတ်(၄၄)ရပ်ကွက်၊ အမှတ်(၄၅)ရပ်ကွက်၊ အမှတ်(၄၇)ရပ်ကွက်၊ အမှတ်(၄၈)ရပ်ကွက်၊ အမှတ်(၄၉)ရပ်ကွက်များတွင် Covid19ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေးနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောပြည်သူသို့ အသိပေးပန်ကြား ချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါအချက်အလက်များ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_sep2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့်ပူးပေါင်း၍ (၉-၉-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့နယ်၊ နမ့်တွန်းကျေးရွာအုပ်စု၊ နမ့်တွန်းရွာ၊ ဘုံမိုရွာ၊ လွယ်ငူရွာ နှင့် နမ့်ဟူးရွာတို့၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန်ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် COVID-19 ကာကွယ်နိုင်ရန် နှာခေါင်းစည်းကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာခေါင်စည်းကိုအသုံးပြုရာတွင် လိုက်နာရမည့်အချက်များ၊ COVID-19 ကာကွယ်ရေး စနစ်ကျလက်ဆေးပေးပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand … Read more
-
(Covid-19) ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ သံကြိုး၊ ရေပြင်းချောင်း၊ မယ်စိန်စု၊ ရွာသစ်၊ မြတ်လှချောင်း၊ ရန်ကင်းစံရာအနောက်ကျွန်းကျေးရွာများ၌ (Covid-19) ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_sep2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀)ရက်နေ့၌ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာ၊ ကျောက်ကုတင်ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိအညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ မာယူချောင်းဖျားကျေးရွာ၌ (၈-၉-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂)စု မှလူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာရန်ပုံငွေ (၂၁,၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၂၂၁,၀၀၀) ကျပ်တို့ကို (၉-၉-၂၀၂၀)ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ … Read more
-
မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဆောက်လုပ်လှူဒါန်းသည့် နေပြည်တော်ကလေးပြုစုရေးဌာန အဆောက်အဦ လွှဲပြောင်းပေးအပ်မှုသတင်း
စက်တင်ဘာ ၉၊ နေပြည်တော် မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဆောက်လုပ်လှူဒါန်းသည့် နေပြည်တော်ကလေးပြုစု ရေးဌာနအဆောက်အဦကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ နှင့် အထောက် အကူပြု အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် … Read more









