လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်၊ မန်ခွန်ရပ်ကွက်နှင့် ကောင်းဟုန်းရပ်ကွက်များအတွင်း Covid-19 ကူးစက်ရောဂါ (ဒုတိယလှိုင်း) ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များအသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)