ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ကော့လှိုက်ကျေးရွာ၌ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ကော့လှိုက်ကျေးရွာ၌ (၁၆-၉-၂၀၂၄)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၁)လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၄၁)ဦးဘေးသင့်ခဲ့ပါသဖြင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၈၀၀,၀၀ဝ/-)၊ လူဦးရေ(၄၁)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ(၈၆,၁၀ဝ/-)၊ စုစုပေါင်း(၁၈,၈၆,၁၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁၁)စုစာအား (၁၈-၉-၂၀၂၄)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #krn_sep_2024 Source:  ဘားအံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  လှိုင်းဘွဲမြို့နယ်အတွင်း (၁၄-၉-၂၀၂၄)ရက်နေ့တွင် စက်လှေတိမ်းမှောက်မှုကြောင့် ရေစီးနှင့်အတူ မျောပါ၍ မောင်ချစ်ဝေဦး(ဘ)ဦးဝေချမ်းချစ် အသက်(၂)နှစ် ကလေး(၁)ဦးသေဆုံးခဲ့ပါသဖြင့် သေဆုံးထောက်ပံ့ငွေ(၃၀၀,၀၀၀/-)အား (၁၈-၉-၂၀၂၄)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_sep_2024 Source:  လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဒါဝါလော်ချီးကျေးရွာအုပ်စု၊ လေလော်ဒေးကျေးရွာ၌ တွင် မြေပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  (၁၁-၉-၂၀၂၄)ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ ဒါဝါလော်ချီးကျေးရွာအုပ်စု၊ လေလော်ဒေးကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး မြေစာပိ၍ လူ(၄)ဦး သေဆုံးခဲ့ပါသဖြင့် ပြိုကျပျက်စီးလူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀ဝ/-)၊ သေဆုံး(၄)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၁,၂၀၀,၀၀ဝ/-)၊ စုစုပေါင်း(၁,၃၀၀,၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁)စုစာအား (၁၄-၉-၂၀၂၄)ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #krn_sep_2024 Source:  သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • အထူးမိုးလေဝသသတင်း

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- အထူးမိုးလေဝသသတင်း ၁။        ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၂၄) နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ၂။        အဆိုပါ လေဖိအားနည်းဆဲလ်၏အရှိန်ကြောင့်လည်းကောင်း၊ … Read more

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် (၀၇:၃၀) နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၁ပေခွဲခန့်တွင် ရောက်ရှိနေပါ သည်။ အဆိုပါမြစ်ရေသည် နောက် ၃၆ နာရီအတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နိုင်ပါသည်။ သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် အကြံပြု ထားပါသည်။

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ နံနက် (၁၈:၃၀) နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၂ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် အကြံပြု ထားပါသည်။