Latest News
-
ရေကြီးခြင်းသတိပေးချက်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
-
ရေကြီးခြင်းသတိပေးချက်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၀၈:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါ သည်- ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀) နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃၆) နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော် အပ်ပါသည်။
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန် ထားပါသည်- ၁။ ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းလွန်-ဩရိဿတောင်ပိုင်းကမ်းခြေ) တို့တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ ၂။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်လည်းကောင်း၊ … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန် ထားပါသည်- ၁။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာပြီး၊ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းလွန်-ဩရိဿတောင်ပိုင်း ကမ်းခြေ) တို့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့၊ မင်းကုန်းကျေးရွာ၊( အ.ထ.က)မင်းကုန်း အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၄)ရက်နေ့ မနက် (၁၀:၀၀) မှ (၁၂:၀၀) အချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့၊ မင်းကုန်းကျေးရွာ၊( အ.ထ.က) မင်းကုန်း အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၁၀၀ )ဦး ခန့်အား သဘာဝဘေးနှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်အချက်များအားအသိပညာပေးမျှဝေခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာ တို့အား ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_sep2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု၌ (၁၇-၉-၂၀၂၄)ရက်နေ့တွင် သံလွင်မြစ်ရေမြင့်တက်လာပြီး ကမ်းပြိုကျမှုကြောင့် လူနေအိမ်(၇)လုံး ရေစီးတွင် မျောပါပျက်စီးသွားခဲ့ပြီး လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့၍ အိမ်ထောင်စု(၈)စုမှ လူဦးရေ(၅၇)ဦး ဘေးသင့်ခဲ့ပါသဖြင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၀၀၀,၀၀ဝ/-)၊ လူဦးရေ(၅၇)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၁၁၉,၇၀ဝ/-)၊ စုစုပေါင်း(၁,၁၁၉,၇၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၈)စုစာအား (၂၀-၉-၂၀၂၄)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #krn_sep_2024 Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









