မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လိုက်ပါလျက် (၁၈-၉-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း”နိုလ်”၏ အရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော အလယ်ချောင်းကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာ၊ ချောင်းအနီးနေထိုင်သော ရေဘေးသင့်အိမ်ထောင်စု (၁၆) စုတို့မှလူဦးရေ (၈၃) ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၁၇၄,၃၀ဝ) ကျပ်အား (၂၁-၉-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပြီး Mask များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လီဆူနှစ်ခြင်းဘော်ဒါ IDPs စခန်းမှ အိမ်ထောင်စု (၁၁၃)စု လူဦးရေ (၆၄၅)ဦးအတွက် paris ဆပ်ပြာ (၆၄၅)ခဲ၊ ထုံးအိတ် (၁၀)အိတ်အားလည်းကောင်း၊ နှစ်-၂၀၀၀ (RC)IDPs စခန်းမှအိမ်ထောင်စု (၁၆၆)စု၊ လူဦးရေ (၇၈၇)ဦးတို့အတွက် ဆပ်ပြာ(၇၈၇)ခဲ၊ ထုံးအိတ် (၁၀) အိတ်အားလည်းကောင်း၊ ရောဘတ်ကျောင်းIDPs စခန်းမှအိမ်ထောင်စု (၆၂၈)စု၊ လူဦးရေ (၃၉၅၅)ဦးတို့အတွက် ဆပ်ပြာ(၃၉၅၅)ခဲ၊ ထုံးအိတ် (၁၀) အိတ်အားလည်းကောင်း၊ မူရင်းနှစ်ခြင်းlDPsစခန်းမှ အိမ်ထောင်စု … Read more

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀) ရက်နေ့ (၀၇:၃၀) နာရီမှ (၁၀:၃၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်၊ သရက်ကုန်းကျေးရွာ၊ ပြရွာကျေးရွာ၊ တုံရွာကျေးရွာများသို့ Covid-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_sep2020

  • ရေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀) ရက်နေ့၊ (၁၂:၃ဝ) နာရီအချိန်၌ ဖြစ်ပွားခဲ့သော မုန်တိုင်းဘေးကြောင့် လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအုပ်စု ၊ပင်လယ်ကမ်းကျေးရွာတွင် ရေဝင်ရောက်မှုကြောင့် ရေဘေးသင့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်အား သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်အတူ (၂၀-၉-၂၀၂၀) ရက်နေ့ (၁၂:၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_sep2020

  • ရေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သော မုန်တိုင်းဘေးကြောင့် လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာတွင် ထူးကဲဒီရေ ဝင်ရောက်မှုကြောင့် ရေဘေးသင့် အိမ်ထောင်စု (၇၆)စု၊ လူဦးရေ (၂၂၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၄၇၄၆၀၀/-) ကျပ်နှင့် ဘေးသင့်ပြည်သူများ သုံးစွဲနိုင်ရန်အတွက် Mask များအား (၂၀-၉-၂၀၂၀) ရက်နေ့ (၈:၃၀) ချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေးနှင့် … Read more

  • အပူပိုင်းမုန်တိုင်း NOUL ၏ အရှိန်ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ခြင်းတို့ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ ထုတ်ပြန်ချက်များအရ တောင်တရုတ် ပင်လယ်ပြင်မှ စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း NOUL သည် ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့ပြီဖြစ်သော်လည်း ၎င်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ခြင်းတို့ကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် အိမ်ခြေ(၉၀)ကျော် ထိခိုက်ပျက်စီးခဲ့ကာ လူ(၃)ဦးသေဆုံးခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့်အတူလိုက်ပါ၍ (၂၀-၉-၂၀၂၀) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီမှုများ စတင်ဆောင်ရွက်လျက်ရှိပါသည်။   ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း၊ မြိတ်၊ ပုလောမြို့နယ်တို့၌ … Read more