လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၉-၂၀၂၀)ရက်နေ့တွင် ကြံခင်းမြို့နယ်၊ ပိုးစုကြီးအုပ်စု (ပိုးစုကြီး၊ စပါးအိုးအရှေ့၊ ဘဲပြား၊ ချင်းရွာကြီး၊ အောင်ချမ်းသာ၊ ကန်သာယာ)ကျေးရွာတို့တွင် နံနက်(၁၁:၀၀)နာရီအချိန်မှ (၁၃:၃၀)နာရီအချိန်အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အသိပညာပေးခြင်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အချိန်နှင့်တပြေးညီထုတ်ပြန်လျှက်ရှိသည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်သည့် သဘာဝဘေးအသိပညာပေးခြင်းတို့အားလည်းကောင်း ပြည်သူများသိရှိ လိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ar
#ayy_sep2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)