လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၀) ရက်နေ့တွင် နတ်မောက်မြို့နယ်၊ စည်သာကျေးရွာအုပ်စု၊ စည်သာကျေးရွာ၊ မရိုးတောကျေးရွာ၊ ကျွဲမကျကျေးရွာနှင့် အိုင်ဇောက်ကျေးရွာအုပ်စု၊ အိုင်ဇောက်ကျေးရွာ၊ ကန်ကြီးကုန်းကျေးရွာ၊ ဂွေးချောင်းကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)