ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Loi Kham Women Organization အဖွဲ့နှင့်ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်း ကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် (၁၉-၉-၂၀၂၀)ရက်နေ့၊ နံနက် (၇:၃၀) နာရီအချိန်မှ (ဝ၉:၃၀)နာရီအချိန်ထိ လွိုင်လင်မြို့၊ ရပ်ကွက်(၄)၊ မြို့လယ်ကျောင်း၊ ပျံကျစျေး၌လည်းကောင်း၊ လူစည်ကားရာလမ်းဆုံနှင့် ပင်လုံအဝင်အထွက်လမ်းမကြီး၌ လည်းကောင်း၊ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်၊ မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတပ်မြို့၊ မြို့ဝင်စစ်ဆေးရေးဂိတ်တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများ လိုက်နာ ဆောင်ရွက်ရန် အချက်များပါဝင်သည့် မြေစိုက်ဆိုင်းဘုတ်ဗွီနိုင်းကို (၁၉-၉-၂၀၂၀) ရက်နေ့၊ ညနေ (၁၆:၃၀) နာရီအချိန်တွင် စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #chn_sep2020 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၀-၉-၂၀၂၀)ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊‌ ကောင်းမှုတန်ကျေးရွာနှင့် တန့်ဆိုင်ကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိ ပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်​ဟောပြောခြင်း ၊ Mask နှင့် အသိ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀)ရက်နေ့တွင် ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်ရွာအုပ်စု၊ မိုင်းပန်လယ်ကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာ၊ ဝမ်ကျုံးကျေးရွာ၊ ပန်မက်မွန်ကျေးရွာနှင့် တောင်ခြေကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များအသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့်လှည့်လည်ဟောပြောခြင်း၊ Maskနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အပူပိုင်းမုန်တိုင်း နို(လ်) (NOUL)၏ အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပွားလျက်ရှိသည့် အခြေအနေနှင့် အိုးအိမ်များ ထိခိုက်ပျက်စီးမှုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

    စက်တင်ဘာ ၁၉၊ နေပြည်တော် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ ထုတ်ပြန်ချက်များအရ တောင်တရုတ်ပင်လယ်ပြင်မှ စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်းနို(လ်) (NOUL) သည် ကုန်းတွင်းမုန်တိုင်း အဖြစ်သို့အားလျော့သွားခဲ့ပြီဖြစ်သော်လည်း ၎င်း၏အရှိန်ကြောင့် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့နှင့်(၁၈)ရက်နေ့တို့တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများဖြစ်ပွားခဲ့ရာ ကော့သောင်းမြို့နယ်၌ လေပြင်းတိုက်ခတ်ခြင်းကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၅)လုံး၊ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ပြိုကျနေအိမ် (၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁၂)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး ထိခိုက်ပျက်စီးခဲ့ပါသည်။ အလားတူ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ဘုတ်ပြင်းမြို့နယ်၌ ပြိုကျနေအိမ်(၄၃)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၁၁)လုံးနှင့် ကျွန်းစုမြို့နယ်၌ ပြိုကျနေအိမ်(၃)လုံး၊ တစ်စိတ်တစ်ပိုင်း … Read more

  • ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၀)ရက်နေ့တွင် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေါခါကျေးရွာစုပေါင်းလုပ်ကွက်အတွင်း၌ ဖြစ်ပွားခဲ့သော မြေလွှာလျှော ကျမှုကြောင့် သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်၊ ဒဏ်ရာရာသူ(၁)ဦး အတွက်(၅၀,၀၀၀/-)ကျပ် အားလည်းကောင်း၊ (၁၆-၉-၂၀၂၀)ရက်နေ့၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရှိ မှော်တောင်းရပ်ကွက်နှင့် မှော်သစ်ကုန်းရပ်ကွက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ကမ်းပါးယံမြေများရေနှင့်အတူမျောလာပြီး နေအိမ်များ  ပြိုကျပျက်စီးမှုကြောင့် ဘေးသင့်အိမ်ထောင်စု(၈)စု၊ လူဦးရေ (၂၅) ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ ပုံး (၈)ပုံး၊ အိမ်ဆောက်တန်ဖိုးငွေ(၈၀၀,၀၀၀/-)ကျပ်နှင့်(၇)ရက်စာဆန်ဖိုးငွေ (၅၂,၅၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁,၂၀၂,၅၀၀/-)ကျပ်အား … Read more