
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၂၀) ရက်နေ့နှင့် (၂၀-၉-၂၀၂၀) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော အပူတိုင်းမုန်တိုင်းနိုလ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပုလောမြို့နယ်၊ ပြင်ဘုငယ်ကျေးရွာအုပ်စု၊ ပြင်ဘုငယ်ကျေးရွာ၊ မှော်ဖျားကျေးရွာ၊ ဥယျာဉ်ကမ်းကျေးရွာတို့မှ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀) ကျပ်၊ ပြိုကျပျက်စီးအိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် ပြိုကျပျက်စီးအိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၄) စုစာ၊ လူဦးရေ (၈၆) ဦးအတွက် (၇) ရက်စာဆန်ဖိုး (၁၈၀,၆၀၀) ကျပ်နှင့် ခန္တီကျေးရွာအုပ်စု၊ ခန္တီကျေးရွာ၊ ကုလားမခေါင်းကျေးရွာ၊ တောင်ခေါင်းလောင်းကျေးရွာတို့မှ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၃၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၈၀၀,၀၀၀) ကျပ်၊ ပြိုကျပျက်စီးအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ပြိုကျအိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁) စုစာ၊ လူဦးရေ (၁၉၉) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၄၁၇,၉၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၆,၉၈,၅၀၀) ကျပ်အား (၂၅-၉-၂၀၂၀) ရက်နေ့ နံနက် (၀၉:၀၀) အချိန်တွင်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#tny_sep2020