
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၂၀) ရက်နေ့၊ (၁၆:၅၀)နာရီမှ (၁၇:၂၀) နာရီအချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေတိုက်စားမှုကြာင့် ကံမမြို့နယ်၊ နတ်မီးကျေးရွာအုပ်စု၊ ကြပ်ကြီး ကျေးရွာတွင် လူနေအိမ် (၁) လုံး ပြိုကျပျက်စီး၍ နေအိမ် (၂) လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး စုစုပေါင်းအိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ ကျား (၉) ဦး၊ မ (၅) ဦး၊ စုစုပေါင်း (၁၄) ဦး ရေဘေးသင့်ခဲ့ပြီး အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၉,၄၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀,၀၀၀) ကျပ်၊ စုစုပေါင်းငွေကျပ် (၁၇၉,၄၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာအား (၂၅-၉-၂၀၂၀) ရက်နေ့ (၁၀:၃၀) အချိန်တွင် ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#mgy_sep2020