Latest News
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၂၀) ရက်နေ့၌ မကွေးမြို့၊ ကင်းရပ်ကွက်၊ရွှေညောင်ရပ်ကွက်၊ ဆားစည်ရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ပွဲကြိုရက်ကွက်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိအညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020
-
လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ၌ (၁၈/၂၀-၉-၂၀၂၀) တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀ဝ) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ (၆၉,၅၀၆) ကျပ်အား (၂၂-၉-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် … Read more
-
Covid-19 ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ အမှတ်(၁၊ ၂၊ ၃) ရပ်ကွက်တို့တွင် Covid-19 ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန်နှင့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများအား (၂၂-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID – 19 ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆွေးနွေးမှုသတင်း
စက်တင်ဘာလ၊ ၂၂ ၊ နေပြည်တော် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အတွင်းရေးမှူးပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID – 19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများ၏ လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးနှင့် အခက်အခဲများ ဖြေရှင်းပေးနိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး ခြင်းကို ယနေ့မွန်းလွဲပိုင်းက Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြပါ သည်။ ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက COVID – 19 ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ရာတွင် … Read more
-
လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာ တွင်(၂၀-၉- ၂၀၂၀) တွင်လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်တက်၍ ဒီရေလှိုင်းရိုက်ခတ်မှုကြောင့်တစ်စိတ်တစ်ဒေသပျက်စီးနေအိမ်(၃)လုံးအတွက်တန်ဖိုး(၉၀၀၀ဝိ/-)၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာငွေ(၁၄၇၀ဝိ/-)၊စုစုပေါင်း ငွေ(၁၀၄၇၀ဝိ/-)အား(၂၂-၉-၂၀၂၀) ရက်နေ့ (၄:၃၀)နာရီအချိန်တွင် နောက်မီးရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးရုံးတွင်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_sep2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-.၂၀၂၀)ရက်နေ့ (၀၁:၀၀)နာရီအချိန်မှ(၀၃:၀၀)နာရီအချိန်ထိ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေလှိုင်းပုတ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ အံအင်ကျေးရွာ ငါးမျှားစခန်းမှ နေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၇,၈၀ဝ/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၃၇,၈၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၄)အိမ်ထောင်စု တန်ဖိုးငွေ(၁၅၁၀၁၂)၊ဇီးဖြူသောင်ကျေးရွာအုပ်စုမှ နေအိမ်(၁၈)လုံး၊ အိမ်ထောင်စု(၁၈)စု၊ လူဦးရေ (၇၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၃,၈၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၇၄၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁,၉၀၃,၈၀ဝိ/-)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၁၂)အိမ်ထောင်စု တန်ဖိုးငွေ(၄၅၃,၀၃၆)၊ ရင်းရယ်ကျေးရွာအုပ်စု၊ ရင်းဒိန်းဝကျေးရွာမှ နေအိမ်(၁၅)လုံး အိမ်ထောင်စု(၁၅)စု လူဦးရေ(၈၃)ဦးအတွက် … Read more









