လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၉.၂၀၂၀)နေ့တွင် ပုလောမြို့နယ်၊ ရှမ်းဒွတ်ကျေးရွာအုပ်စုမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့များပူးပေါင်း၍ ရှမ်းဒွတ်ကျေးရွာ၊ မင်းဝင်းကျေးရွာ၊ ကျောက်လိတ်ကျေးရွာ၊ အင်းမဝကျေးရွာ၊ ချောင်းလှကျေးရွာ၊ ကိုင်းကြီးကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ( ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ မြေပြိုဘေး၊ လေပြင်းဘေး၊ ရေဘေးဆောင်ရန်ရှောင်ရန်များ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#tny _sep2020
Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)