ရေချိုးခွက်များနှင့် Foldable Bed (Dream Bed) များထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၂၀) ရက်နေ့တွင် ဘားအံမြို့နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးသင်တန်းကျောင်းသို့ ရေချိုးခွက် (၁၅၀)လုံး၊ သုတကေသရီသီလရှင်စာသင်တိုင်သို့ ရေချိုးခွက် (၁၀၀)လုံးနှင့် Bed Sheet (၅၀)ခု၊ ဇမ္ဗူမြိုင်သီလရှင် စာသင်တိုက်သို့ ရေချိုးခွက် (၁၀၀)လုံးနှင့် Bed Sheet (၅၀)ခု၊ တောင်တန်းသာသနာပြု စာသင်တိုက်သို့ ရေချိုးခွက် (၂၁၄)လုံးအားလည်းကောင်း၊ (၂၄-၉-၂၀၂၀)ရက်နေ့တွင် ဘားအံမြို့၊ အမှတ်(၂၊၄၊၆၊၇၊၈) ရပ်ကွက် များရှိ ဘိုးဘွား(၄၁)ဦးအတွက် Foldable Bed (Dream Bed) (၄၁)ခုအားလည်းကောင်း၊ (၂၅-၉-၂၀၂၀)ရက်နေ့တွင် ဘားအံမြို့၊ အမှတ်(၁၊၃၊၅၊၉) ရပ်ကွက်များရှိ ဘိုးဘွား(၃၄)ဦးအတွက် Foldable Bed (Dream Bed) (၃၄)ခုအားလည်းကောင်း ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#krn_sep2020

Sign Up

Upcoming Events