Latest News
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့၌ “ဓနု “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့၊ ဆင်ခေါင်းရပ်ကွက်နှင့် အနောက်ရပ်ကွက်တို့တွင် Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker ဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပင်းတယမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လွိုင်လင်Covid-19ရောဂါကာကွယ်ရန်အကူအညီပေးရေးအဖွဲ့၊ Loi Kham Women Organization အဖွဲတို့နှင့်ပူးပေါင်း၍ (၂၁-၉-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:ဝ၀) နာရီမှ(၁၀:၀၀) နာရီထိ လွိုင်လင်မြို့၊ မြို့မစျေးနှင့် ဗိုလ်ချုပ်လမ်းမကြီး(နာရီစင်)အနီးပတ်ဝန်းကျင်တို့၌ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် ရှောင်ရန်များ အသိပညာပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(mask)များဖြန့်ဝေခြင်း၊ Covid-19 အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာရှောင်ရန်/ဆောင်ရန်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း/ဖြန့်ဝေခြင်းနှင့် Vinly များကပ်ခြင်းတို့ … Read more
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ အမှတ် (၈) ရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂၀၆၃၀၀/-)ကျပ်အား (၂၁-၉-၂၀၂၀)ရက်နေ့၊ (၁၆:၀၀) အချိန် တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ayy_sep2020
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၉-၉-၂၀၂၀) ရက်နေ့တွင် ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဘုရားပြန်ကျေးရွာအုပ်စု၊ ပြွန်ဦးကျေးရွာ၌ မီးလောင်ကျွမ်းမှု ကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁) စုမှလူဦးရေ (၂)ဦး အနက် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ကျန်မိသားစု(၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၂,၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စာတို့အား (၂၁-၉-၂၀၂၀) ရက်နေ့၊(၁၄:၀၀)နာရီအချိန်တွင် ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူထံသို့ … Read more
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ (၂၁-၉-၂၀၂၀)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှစတင်၍ အင်္ဂပူမြို့နယ်၊ ပန်းတင်အုပ်စု၊ ပန်းတင်ကျေးရွာ၊ ကွင်းလှကျေးရွာ၊ ကံဆည်ကျေးရွာ၊ ကွမ်းသီးတောကျေးရွာ၊ ရေလဲအောက်စုကျေးရွာ၊ ရေလဲအထက်စုကျေးရွာ၊ သင်ပန်းကုန်းကျေးရွာ၊ အချုပ်ကြီးကုန်း ကျေးရွာ၊ ပျဉ်ဆောင်ကျေးရွာနှင့် ရိုးကြီးကုန်းကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော Covid-19 ရောဂါကူးစက်ပြန့်ပွားများမဖြစ်ပွားစေရန် ပြည်သူသို့ပန်ကြားချက်များ၊ ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်အမိန့် ညွှန်ကြားချက်များနှင့် ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို ကွင်းဆင်းလှည့်လည်၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့ပေါ်ရှိ မြို့သစ်ရပ်ကွက်အတွင်း (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









