
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးထာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့မှ (၂၀-၉-၂၀၂၀) ရက်နေ့အတွင်း အပူပိုင်းမုန်းတိုင်း “နိုလ်” ၏ အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ကာ ထိခိုက်ပျက်စီးခဲ့သော ကျွန်းစုမြို့နယ်ရှိ ရေမြစ်ကြီးကျေးရွာအုပ်စု၊ ကော်ဇယာကျေးရွာအုပ်စု၊ တာလပိုင်းကျေးရွာအုပ်စု၊ မအိုင်ကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာအုပ်စုများရှိ ရေဘေးသင့် လုံးဝပျက်စီးအိမ်ခြေ (၁၈) လုံးနှင့် တစိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၆၂၀,၀၀၀) ကျပ်၊ ဘေးသင့်ပြည်သူ (၄၁၇) ဦးအတွက် (၇) ရက္စာ ဆန်ဖိုးထောက်ပံ့ငွေ (၈၇၅,၇၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၆,၄၉၅,၇၀၀) ကျပ်နှင့် လုံးဝပျက်စီးအိမ်ခြေ (၁၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁၈) စုစာတို့အား (၂၈-၉-၂၀၂၀) ရက်နေ့ (၁၁:၀၀) အချိန်တွင် ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာနတွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#tny_sep2020