ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID-19 Economic Relief Plan (CERP) အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDPစခန်းများရှိ ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 Economic Relief Plan (CERP)အစီအစဉ်အရ တိုက်ပွဲရှောင်စု ရပ်များနှင့် IDP စခန်းများရှိ အိမ်ထောင်စု (၁)စုလျှင်  (၄၀၀၀ဝ/-)နှုန်းဖြင့် ထောက်ပံ့လျက်ရှိရာ  ပေါက်တောမြို့နယ်၊ အနောက်ရဲ IDPစခန်းရှိ အိမ်ထောင်စု (၁၀၁၃)စု၊ လူဦးရေ (၆၆၉၂)ဦးတို့အတွက် ထောက်ပံ့ငွေ (၄၀,၅၂၀,၀ဝဝ/-) (ကျပ်လေးရာ ငါးသိန်းနှစ်သောင်းတိတိ)နှင့် ငှက်ချောင်း IDPစခန်းရှိ အိမ်ထောင်စု (၁၆၂၆)စု၊ လူဦးရေ(၉၂၉၅)ဦးအတွက် ထောက်ပံ့ငွေ (၆၅,၀၄၀,၀၀ဝ/-)(ကျပ်ခြောက်ရာငါးဆယ်လေးသောင်းတိတိ) စုစုပေါင်းအိမ်ထောင်စု … Read more

  • (Covid-19) ရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ (၂၉-၉-၂၀၂၀) ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ မော်လမြိုင် ကျွန်းမြို့နယ်၊ ဗြန့်ကြီးမြစ်ကျိုးကျေးရွာအုပ်စု အတွင်းရှိ ဗြန့်ကြီးမြစ်ကျိုး ကျေးရွာ၊ ကွင်းထုံးရွာမကျေးရွာနှင့် ထီပါလယ်ကျွန်းအနောကျေးရွာတို့ တွင် Covid-19 ကူးစက်မှု မဖြစ်ပွားစေရန်အတွက် အများပြည်သူများ သိရှိလိုက်နာရန် အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ မိုးရွာသီတွင် ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး အန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဝေငှခြင်းများကို အများပြည်သူတို့ သိရှိ လိုက်နာနိုင်စေရန် … Read more

  • Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆက်စပ်ပစ္စည်းများဝယ်ယူရန် ထောက်ပံ့ငွေများ ပေးအပ်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုသမှုအစီအစဥ် ( COVID-19 Economic Relief Plan- CERP)အရ Facility Quaratine Center အဖြစ်အသုံးပြုနိုင်သည့် ကျောက်ဖြူမြို့နယ်၊ စေတီတောင်ရပ်ကွက် Cyclone Shelter၌ လက်ဆေးဘေစင်(၃)ခု၊ ရေသိုလှောင်ကန် (၁)ကန်၊ ပိုက်နှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်းလုပ်ငန်းအတွက် ထောက်ပံ့ငွေ(၁၅၀၀၀၀၀/-)အား (၂၉-၉-၂၀၂၀)ရက်နေ့ နေ့လယ်(၁၃:၁၆)အချိန်တွင် ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲ​​ပြောင်း​ထောက်ပံ့ပေးအပ်ခဲ့ပါသည်။   #ar #rke_sep2020 Source:             ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀) ရက်နေ့၊(၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ချောင်းစောင့်ကျေးရွာတွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအား အသံချဲ့စက်များဖြင့်လည်းကောင်း ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_sep2020 Source:             သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၉.၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့်အမှတ် (၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source:    ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀)ရက်နေ့၌ ရေဖြူမြို့နယ်၊ ရလိုင်ကျေးရွာနှင့် ပုဂေါဇွန်းကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိအညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_sep2020 Source:             တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)