Latest News
-
ရေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀) ရက်နေ့၊ (၁၃:၃ဝ) နာရီအချိန် ၌ မြိတ်မြို့နယ်၊ သဗျာကျေးရွာတွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် လုံး၀ပျက်စီးအိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ တစိတ်တစ်ပိုင်းပျက်စီးနေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၆၀,၀၀၀/-)ကျပ်၊ ဘေးသင့်ပြည်သူ (၅၃) ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စားဖိုးထောက်ပံ့ငွေ (၁၁၃,၀၀၀/)ကျပ်နှင့် လုံး၀ပျက်စီး အိမ်ခြေ(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ အိမ်ထောင်စု(၂)စုစာတို့အား (၂၅-၉- ၂၀၂၀) ရက်နေ့ (၁၄:၃၀)ချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀) ရက်နေ့ ညနေ (၁၇:၀၀) အချိန်မှ (၁၉:၀၀) အချိန်အထိ ပခုက္ကူမြို့ ပေါ်ရပ်ကွက်များဖြစ်သည့်အမှတ် (၁/၂/၃/၄/၅/၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ Covid-19 ကူးစက်မြန်အဆုတ်ရောင်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020
-
COVID-19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန် (၅) မျိုးဝယ်ယူရေးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန် (၅) မျိုး ဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀၀၀၀/-) ကျပ်နှုန်းဖြင့် စစ်တွေမြို့နယ်၊ မဏိရတနာကျောင်းတိုက်တွင် ရောက်ရှိခိုလှုံနေသော အိမ်ထောင်စု (၄၃)စု၊ လူဦးရေ (၁၉၄)ဦးအတွက် ထောက်ပံ့ငွေ (၁၇၂၀၀၀၀/-)ကျပ် ကိုလည်းကောင်း၊ ဓမ္မရာမကျောင်းတိုက်တွင် ရောက်ရှိခိုလှုံနေသော အိမ်ထောင်စု (၉၁)စု၊ လူဦးရေ (၄၀၂)ဦးအတွက် ထောက်ပံ့ငွေ (၃၆၄၀၀၀၀/-)ကျပ်ကိုလည်းကောင်း၊ ဘုရားများသိမ်တွင် ရောက်ရှိခိုလှုံနေသော အိမ်ထောင်စု (၈၆)စု … Read more
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီချိန်မှစ၍ ရေကြည်မြို့နယ်၊ တောင်လယ်ကျေးရွာအုပ်စု၊ တောင်လယ်ကျေးရွာ၊ စလင်းကုန်းကျေးရွာ၊ ရွှေကျောင်းကုန်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာနှင့် သဲတွင်းကုန်းကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာ/ ရပ်ကွက်နေမိဘပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2020
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးနှင့် စစ်တွခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန် (၅) မျိုး ဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀၀၀၀/-) ကျပ်နှုန်းဖြင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲရှောင် စုရပ်များနှင့် IDP စခန်းများရှိ သက္ကေပြင် IDP စခန်းမှ အိမ်ထောင်စု (၁၀၀၀)စု၊ လူဦးရေ (၆၀၈၆)ဦးတို့အတွက် ထောက်ပံ့ငွေ (၄၀,၀၀၀,၀၀၀/-)ကျပ်အား (၂၅-၉-၂၀၂၀) ရက်နေ့တွင် ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀)ရက်နေ့၌ ထားဝယ်မြို့နယ် ဆန်းချီဝန်ထမ်းအိမ်ရာ၊ ဝဲကျွန်းဝန်ထမ်းအိမ်ရာနှင့် ညောင်ရမ်းတောင်ရပ်ကွက်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိအညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny _sep2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









