ရေဘေးသင့်ပြောင်းရွှေ့ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၉-၂၀၂၀)ရက်နေ့နှင့် (၂၈-၉-၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မြို့မရပ်ကွက်၌ ချောင်းရေတိုးလာ မှုကြောင့် ရေဘေးသင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၇၄)စု၊ လူဦးရေ(၈၁၂)ဦးတို့အတွက် (၇)ရက်စာဆန် ဖိုးထောက်ပံ့ငွေ(၁,၇၀၅,၂၀ဝ/-)ကျပ်၊ လူ(၁)ဦးလျှင် mask(၁)ခုနှုန်းဖြင့် လူဦးရေ(၈၁၂)ဦး အတွက် Mask(၈၁၂)ခုနှင့် အိမ်ထောင်စု(၁)စုလျှင် ဆပ်ပြာခဲ(၁)တောင့်နှုန်းဖြင့် အိမ်ထောင်စု(၁၇၄)စုအတွက် ဆပ်ပြာ(၁၇၄)တောင့်အား (၃၀-၉-၂၀၂၀)ရက်နေ့၊ (၁၄း၃၀)နာရီအချိန်တွင်  ကာမိုင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းထောက်ပံ့ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#kcn_sep2020

Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events