(CERP) အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDPစခန်းများရှိ ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
COVID-19 Economic Relief Plan (CERP) အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDPစခန်းများရှိ အိမ်ထောင်စု (၁)စု လျှင် (၄၀,၀၀ဝ/-)ကျပ်နှုန်းဖြင့် ထောက်ပံ့လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ စခန်း ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ စခန်းစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်ပူးပေါင်း၍ စစ်တွေမြို့နယ်ရှိ သဲချောင်း၊ ဘောဒူဖ (၁)၊ ဘောဒူဖ (၂)၊ အုန်းတောကြီးတောင်၊ အုန်းတောကြီးမြောက်၊ ခေါင်းဒုက္ခာနှင့် ဘာဆာရာ IDP စခန်း (၇)ခုမှ အိမ်ထောင်စု (၁၀,၂၁၃) စု၊ လူဦးရေ (၅၆,၉၄၇) ဦးတို့အတွက် ထောက်ပံ့ငွေ ၄၀၈,၅၂၀,၀ဝဝိ/- (ကျပ်လေးထောင်ရှစ်ဆယ့် ငါးသိန်းနှစ်သောင်းတိတိ) ကို (၃၀-၉-၂၀၂၀) ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#rke_oct2020
 
 
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events