မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ​​​​​ကျောင်းကုန်း​ကျေးရွာတွင် (၂၆-၉-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော ဧရာဝတီမြစ်​ရေတိုက်စား၍ ကမ်းပါးပြိုကျမည်ကို စိုးရိမ်​မှုကြောင့် ကြိုတင်​ပြောင်း​ရွှေ့အိမ်​ခြေ(၁၆)လုံး၊ အိမ်​ထောင်စု(၁၆)စုတို့အတွက် အိမ်​ဆောက်ပစ္စည်းဖိုး(၁,၆၀၀,၀၀၀ိ/-)၊ လူဦး​ရေ(၆၈)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၁၄၂,၈၀၀ိ/-)ကျပ်၊ စုစု​​ပေါင်း​ထောက်ပံ့​ငွေ(၁,၇၄၂,၈၀၀ိ/-)အား (၈-၁၀-၂၀၂၀)ရက်​နေ့၊ (၁၅:၀၀)အချိန်တွင် ​​​​ကျေးရွာအုပ်စုအုပ်ချုပ်​ရေးမှူးထံသို့ လွှဲ​ပြောင်းထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_oct2020 Source:             မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အနာကြီးရောဂါနာတာရှည်ဝေဒနာခံစားနေရသူများနှင့် နောက်ဆက်တွဲ မသန်စွမ်းမှုဆိုင်ရာ ပံ့ပိုးကူညီနိုင်မည့်ကိစ္စရပ်များကို Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

              လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့  မွန်းလွဲပိုင်းတွင် အနာကြီးရောဂါနာတာရှည်ဝေဒနာ ခံစားနေရသူများနှင့် နောက်ဆက်တွဲ မသန်စွမ်းမှုဆိုင်ရာပံ့ပိုးကူညီနိုင်မည့်ကိစ္စရပ်များကို Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပဋိသန္ဓေတည်ချိန်မှစ၍ သက်ကြီးရွယ်အိုအထိ ဘဝစက်ဝန်းတစ်လျှောက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များကိုဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေးအတွက် အလေးထားဆောင်ရွက် လျက်ရှိရာ ပြည်သူများနှင့် ပိုမိုနီးစပ်လာသည်ဟု ခံစားရပါကြောင်း၊ နိုင်ငံ၏ဒီမိုကရေစီ အပြောင်းအလဲတွင် လူတစ်ဦးချင်း၏အခွင့်အရေးကို ဖော်ဆောင်ရာတွင် ဒီမိုကရေစီစံနှုန်းကို မြှင့်တင်ရန်နှင့် တရားဥပဒေစိုးမိုးမှုရှိရန် အဓိကကျပါကြောင်း၊  ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများကို ကာကွယ်စောင့်ရှောက်ရာတွင်ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးမှုရရှိရန် မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာများချမှတ်ပြီး စနစ်တကျဖော်ဆောင်မှသာ အောင်မြင်မှုရမည်ဖြစ်ကြောင်း၊ အနာကြီးရောဂါခံစားရသူများသည် ကိုယ်အင်္ဂါမသန်စွမ်းကြသော်လည်း စိတ်သန်စွမ်းသူများဖြစ်အောင် မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်က ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံခြင်းကင်းပြီး ကိုယ်ချင်းစာစိတ်ဖြင့် အသိပညာပေးခြင်း၊ ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံအနာကြီးရောဂါခံစားနေရသူများအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောင်းလဲလာသောဒီမိုကရေစီစနစ်ကြောင့် မိမိတို့ကို လူအများ၏နောက်ကွယ်တွင် နေထိုင်ကြရသောသူများဟု နောက်ချန်မထားခဲ့ဘဲ အသိအမှတ်ပြုခံရခြင်းအတွက် ကျေးဇူးတင်ဝမ်းသာမိ ပါကြောင်း၊ မိမိတို့အသင်းအဖွဲ့အနေဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ မြို့နယ်အဖွဲ့ခွဲများ ဖွဲ့စည်းခြင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေပါကြောင်းနှင့် အနာကြီးရောဂါခံစားနေရသူများ၏ အရှက်၊ သိက္ခာများအတွက် မားမားမတ်မတ်ရပ်တည်ပေးနေခြင်းကိုလည်း‌ ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မိမိဘဝ၊ မိမိအသက်ကို ရှင်သန်အောင် ကြိုးစားနေထိုင်စဉ် ယခုကဲ့သို့ ထောက်ပံ့ခြင်းများကို ကြားရ ကြုံရခြင်းအတွက် ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်က မြန်မာနိုင်ငံနေရာ၊ ဒေသအနှံ့အပြားတွင် အနာကြီးရောဂါခံစားနေရသူများရှိသည်ကို သိရှိပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့မှုများဆောင်ရွက်ရာတွင် ကျန်ရှိနေသူများရှိနိုင်သည့်အတွက် ထပ်မံထောက်ပံ့နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ်ဦးချင်းရပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ပေးခြင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ The Leprosy Mission (မြန်မာ)၊ မြန်မာနိုင်ငံအနာကြီးရောဂါခံစားနေရသူများအသင်း၊ အနာကြီးနှင့် မသန်စွမ်းမှုကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ … Read more

  • ကမ်းပြိုဘေး ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊  အောက်ပေကုန်းကျေးရွာအုပ်စု၊ ကုန်ကြီးကျေးရွာတွင် (၂၉-၉-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ(၈၄၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၀၈၄၀ဝိ/-)အား (၈-၁၀-၂၀၂၀)ရက်နေ့၊  (၁၄း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #ayy_oct2020 Source:             ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊  ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာနှင့် ကုလားကျွန်းကျေးရွာတို့တွင် (၂၆-၉-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု(၁၀)စုမှ လူဦးရေ(၄၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ(၈၈၂၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၀၈၈၂၀ဝိ/-)အား (၈-၁၀-၂၀၂၀)ရက်နေ့၊  (၁၃:၀၀)နာရီအချိန် ရွှေလောင်းမြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #ayy_oct2020 Source:             ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေးခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၇.၁၀.၂၀၂၀)ရက် နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_oct2020 Source:             ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၈.၁၀.၂၀၂၀) ရက်နေ့တွင် မြစ်ရေကြီးမှုအခြေအနေသတင်း

    ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ဆိပ်သာမြို့တွင် (၁) လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ ဆိပ်သာမြို့ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူ များအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။