အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှုများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှုအဖြစ် (၁၂-၁၀-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာခရိုင်အထွေထေွအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း၊ မိတ္ထီလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သာစည်မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနတို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့လည်းကောင်း Mask နှင့် လက်ဆေးဆပ်ပြာများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#mdy_oct2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events