
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၂၀) ရက်နေ့တွင် ညနေ (၁၆:၀၀) နာရီအချိန်၌ ပန်းတောင်း မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သရက်လိန်အုပ်စု၊ တက်သစ်ကျွန်းရွာတွင် အမိုးလန်နေအိမ်(၁)လုံး၊ ဆင်တဲအုပ်စု၊ ဆင်တဲကျေးရွာတွင် အမိုးလန်လူနေအိမ်(၈၉)လုံး၊ ပြိုလဲလူနေအိမ်(၂)လုံး၊ စုစုပေါင်းအမိုးလန်နေအိမ်(၉၀)လုံးနှင့် ပြိုလဲနေအိမ် (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၆၅၂၀ဝ/-)ကျပ်၊ လူဦးရေ(၃၁၂)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ(၆၅၅၂၀ဝ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၂၄၂၀၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ပလပ်စတစ်ပုံးပါ (၂)ပုံး တို့အား (၁၂-၁၀-၂၀၂၀)ရက်နေ့ နေ့လည်(၁၅:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#bgo_sep2020