တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၀-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ်၊ နောင်ရှင်ကျေး ရွာအုပ်စု (ကောင်းခမ်း၊ ကုန်းဟတ်၊ကုန်းစုံ၊ ဆမ်းပူးကျေးရွာ)၊ ပန်စံ(ဝိုး)ကျေးရွာ အုပ်စု(ဟုန်းလိုင်းကျေးရွာ)၊ ခန့်ခဲကျေးရွာအုပ်စု(ဟိုနမ့်၊ ကောင်းအိုက်‌ကျေးရွာ)တို့မှ ခဲရှင်ဘုန်းတော်ကြီးကျောင်းနှင့် ဟိုနမ့်ဘုန်းတော်ကြီးကျောင်းသို့ ထမ်မံရောက်ရှိလာသော အိမ်ထောင်စု(၉၆)စု၊ လူဦးရေ (၄၉၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ဖိုးငွေ(၁,၀၃၅,၃၀၀/-)ကျပ်အား (၁၃-၁၀-၂၀၂၀)ရက် (၀၉:၃၀)နာရီအချိန်တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးတို့အား လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောက်မဲမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ပရဟိတလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ချိတ်ဆက်၍ တိုက်ပွဲရှောင်ပြည်သူများ လက်၀ယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_otr
#shn_oct2020
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events