မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  •  Shelter (၁) လုံးတည်ဆောက်နိုင်ရန် မြေနေရာအား ကွင်းဆင်းစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆွာမင်းလမ်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာအုပ်စု၊ ရွှေကစောင်းကျေးရွာအုပ်စုရှိ ပြည်သူများသည် ၂၀၁၈ ခုနှစ်အတွင်း ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ခဲ့ရသဖြင့် ၎င်းဒေသများအတွက် သဘာဝဘေးကာကွယ်စောင့်ရှောက်ရန် Shelter (၁) လုံးတည်ဆောက်ပေးနိုင်ရေး တင်ပြတောင်းခံလာခြင်းနှင့်စပ်လျဉ်း၍ (၁၄-၁၀-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #bgo_oct2020 Source:  တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ ကွမ်ဟင်ကျေးရွာအုပ်စုနှင့် တောင်ထိပ်ကျေးရွာအုပ်စုတို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကွမ်ဟင်ဘုန်းတော်ကြီးကျောင်း၊ နားအွမ်ဘုန်းတော်ကြီးကျောင်းနှင့် ကောင်းမှုခံဘုန်းတော်ကြီးကျောင်းများသို့ ထမ်မံရောက်ရှိလာသော အိမ်ထောင်စု(၃၁၅)စု၊ လူဦးရေ(၁၀၅၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂,၂၀၅,၀၀၀/-)ကျပ်အား (၁၄-၁၀-၂၀၂၀)ရက် (၁၁း၀၀)နာရီအချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောက်မဲမြို့နယ်ပရဟိတလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ တိုက်ပွဲရှောင်ပြည်သူများ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #shn_oct2020

  • အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးမှုလျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် (၇-၁၀-၂၀၂၀)ရက်နေ့မှ (၁၄-၁၀-၂၀၂၀)ရက်အထိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုး‌ကောင်း၊ မိုးညှင်းမို့နယ်များရှိ တိုက်ပွဲရှောင်စခန်း(၄၄)ခု နေပြည်သူများထံသို့ သွားရောက်ပြီး ကမ္ဘာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ လှူဒါန်းသော တစ်ရှူးစက္ကူလိပ် (၉၉၉၀) လိပ်၊ Surgical Mask (၂၅၀၀၀) ခု၊ လက်သန့်ဆေးရည်ဗူး (၉၉၉၀) ဗူးနှင့် အပူချိန်တိုင်း ကိရိယာ (၅၅) ခုတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19ကာကွယ်၊ တားဆီး၊ … Read more

  • သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ လူထုလှုပ်ရှားမှုများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင် ခြေလျှာ့ချရေးနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် (၁၃-၁၀-၂၀၂၀) ရက်နေ့ ည (၁၆:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ပုလောမြို့နယ်တံတားထိပ်တွင် IDDRRစတစ်ကာပါ mask များနှင့် Disposable face mask များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #tny_oct2020

  • သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ လူထုလှုပ်ရှားမှုများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင် ခြေလျှာ့ချရေးနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် (၁၃-၁၀-၂၀၂၀) ရက်နေ့တွင် (ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း) မြို့နယ်တို့၌ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) တို့နှင့် ပူးပေါင်း၍ Mask၊ လက်သန့်ဆေးရည်များ၊ အထိမ်း အမှတ်တီရှပ် အင်္ကျီများ၊ သဘာ၀ဘေးနှင့် Covid-19 အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #ayy_oct2020

  • အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လူထုလှုပ်ရှားများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၀) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်နှင့် မြိတ်-ထားဝယ်ကားလမ်းမ၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် လူထုလှုပ်ရှားမှု ဆောင်ရွက်ရာ အဖွဲ့အစည်းများမှ လှူဒါန်းသော ဆပ်ပြာများကို ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #tny_oct2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)