
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်၊ ကသာဝင်ကျေးရွာနှင့် မတ္တာကျေးရွာတို့တွင် (၂၀-၁၀-၂၀၂၀) ရက်နေ့တွင်လေပြင်းတိုက်ခတ်မှုကြောင့် ပဲခိုးစုကျေးရွာအုပ်စု၊ ကသာဝင်ကျေးရွာတို့တွင် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံးနှင့် အောက်ဆင်ကူးကျေးရွာအုပ်စု၊ မတ္တာကျေးရွာတွင်နေအိမ် (၁) လုံးပြိုကျပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇၀,၀၀ဝ) ကျပ်၊ လူဦးရေ(၁၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာငွေ (၃၅,၇၀ဝ) ကျပ်၊ စုစုပေါင်းငွေတန်းဖိုးငွေ (၂၀၅,၇၀ဝ) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာ (၃၄,၇၅၃) ကျပ်အား (၂၂-၁၀-၂၀၂၀) ရက်နေ့ (၁၁:၄၅) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_oct2020