မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Online Talk show အစီအစဉ်၌ သဘာဝဘေးအသိပညာပေးဆွေးနွေးကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၀-၂၀၂၀) ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှုးရုံးမှ ကျင်းပပြုလုပ်သည့် Online Talk Show အသိပညာပေးဆွေးနွေးပွဲ အစီအစဉ်၌ ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တာရာယ်အသိပညာပေး ဆွေးနွေးပွဲကို Online မှတဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_oct2020

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၀-၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ် (၇/၈/၉) ရပ်ကွက်များတွင် လှည့်လည်၍ COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_oct2020

  • လေပြင်းဘေး ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ ဘီးလင်းကျေးရွာအုပ်စု၊ ဘီးလင်းရွာမကျေးရွာနှင့် သုံးဒေါင့်ကန်ကျေးရွာအုပ်စု၊ ညောင်ပတ်ကျေးရွာတို့တွင် (၁၆-၁၀-၂၀၂၀) ရက်နေ့နှင့် (၁၇-၁၀-၂၀၂၀) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့်နေအိမ်(၆)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၂၀၀၀၀/-)ကျပ်၊ လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၄၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၄၆၀၀/-)ကျပ်တိတိတို့အား (၁၉-၁၀-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် သာယာဝတီမြို့နယ်ထွေ/အုပ်မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_oct2020 Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့် ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မင်းမြေကျေးရွာအုပ်စု၊ သစ်တော်ကျေးရွာနှင့် ကနီကျေးရွာအုပ်စု၊ ကနီကျေးရွာတို့တွင် (၁၇-၁၀-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၈၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၄၆,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၂၆,၂၀၀/-)ကျပ်အား (၁၉-၁၀-၂၀၂၀)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_oct2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့် ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ (ယုံ သလင်း၊ သဲဖြူယုန်၊ ဘေးချောင်) အုပ်စု၊ ကျေးရွာခွဲ (၃) ရွာ၌ (၁၆-၁၀-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (ဝါး-၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁၁)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၂၃,၁၀၀/-) ကျပ် ၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၃,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာတို့အားလည်းကောင်း ၊ဇုက္ကနိကျေးရွာအုပ်စု၊ဇုက္ကနိကျေးရွာတွင် (၁၈-၁၀-၂၀၂၀) ရက်နေ့၌ဖြစ်ပွားသော လေဘေးသင့် … Read more

  • မိုင်းထိဒဏ်ရာရ ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၀-၂၀၂၀) ရက်နေ့၌ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ အမှတ် (၁) ရပ်ကွက်မှ မိုင်းထိမှန်ဒဏ်ရာ ရသူ (၁) ဦးလျှင်(၅၀,၀၀ဝ/-) ကျပ်နှုန်းဖြင့် ဒဏ်ရာရသူ (၂) ဦးအား စုစုပေါင်းထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်ကို (၁၉-၁၀-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်၌ ဒဏ်ရာ ရရှိသူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_oct2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး … Read more