ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အကြိုလူထုလှုပ်ရှား ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီအချိန်မှ (၁ဝ:၀၀) နာရီအချိန်ထိ ရေးမြို့နယ်၊ မြသီတာဈေး၌ အောက်တိုဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြို လူထုလှုပ်ရှားမှုဆောင်ရွက်ရာ ဦးစီးဌာနမှ ဌာန Logo ပါ Mask များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အကြိုလူထုလှုပ်ရှားမှု ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း(CSOs)တို့နှင့်အတူ (၁၂-၁၀-၂၀၂၀)ရက်နေ့၊ (၀၈;၀၀)အချိန်မှ (၀၉;၃၀)အချိန်ထိ ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ဈေး(ရှမ်းဈေး)နှင့် ရန်ကုန်-မော်လမြိုင်ကားလမ်းမတို့တွင် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှုဆောင်ရွက်ရာတွင် ဦးစီးဌာန Logo ပါ Mask များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_oct2020 Source:             ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အကြိုလူထုလှုပ်ရှား ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှစ၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မင်္ဂလာစျေးအရှေ့တွင် အပြည်ပြည်ဆိုင်ရာသဘောဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှု ဆောင်ရွက်ရာ ဦးစီးဌာနမှ ဌာန Logoပါ Maskများ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2020 Source:   ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၂၀) ရက်နေ့ (၀၄:၀၀) နာရီအချိန်နှင့် (၁၁:၃၀)နာရီအချိန်တို့တွင် မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ပန်းကုန်းကျေးရွာအုပ်စု ပန်းကုန်းကျေးရွာ တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့် လူနေအိမ်(၅)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၅၀,၀၀ဝ/-)ကျပ် နှင့်လူဦးရေ စုစုပေါင်း (၃၉) ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈၁,၉၀ဝ/-) ကျပ်၊ စုစုပေါင်းထောက် ပံ့ငွေ (၅၃၁,၉၀ဝ/-)ကျပ်အားလည်းကောင်း (၁၁-၁၀-၂၀၂၀) ရက်နေ့(၀၁:၀၀) … Read more

  • အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အကြိုလူထုလှုပ်ရှား ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀)ရက်နေ့ (၀၈:၀၀)နာရီအချိန်မှ (၀၉:၀၀)နာရီအချိန်ထိ သထုံခရိုင် သထုံမြို့ ခရိုင်မီးသတ်ဦးစီးဌာနရုံးရှေ့နှင့် သထုံမြို့၊ သုဝဏ္ဏစျေးရှေ့၌ အောက်တိုဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် အပြည် ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှု ဆောင်ရွက်ရာ ဦးစီးဌာနမှ ဌာန Logo ပါ Mask များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2020 Source:   သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အကြိုလူထုလှုပ်ရှား ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)မှ(၀၉:၀၀)နာရီအချိန်ထိ မော်လမြိုင်မြို့၊ ဈေးကြိုဈေး၊ အမှတ်(၂)ဈေးနှင့် လမုတန်းဈေးတို့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အကြိုလူထုလှုပ်ရှားမှုအနေဖြင့် Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ဌာန Logo ပါMask များ၊ အဖွဲ့အစည်းများမှ လှူဒါန်း‌သော လက်ဆေးဆပ်ပြာများ၊ Surgical Mask များနှင့် လက်ကမ်းစာ‌စောင်များအား ‌ပြည်သူလူထုထံသို့ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2020 Source:   မွန်ပြည်နယ်ဦးစီးမှူးရုံး … Read more