လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စုနှင့် တာလပိုင်းကျေးရွာအုပ်စုတို့၌ ရေဘေးဖြစ်ပွားမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၈)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၄၀,၀၀၀/-)ကျပ်၊ ဘေးသင့်ပြည်သူ(၃၃)ဦးအတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၆၉,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၉,၃၀၀/-)ကျပ်တိတိအား (၂၆-၁၀-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ကျွန်းစုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)