ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၀-၂၀၂၀) ရက်နေ့၌ ရေကြည်မြို့နယ်၊ ဗထူးရပ်ကွက်၊ အောင်ဝိဇ္ဇာပိုင်း တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပျက်စီးဆုံးရှံးခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၂၀ဝိ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၄၂၀ဝိ/-)အား (၁၉-၁၀-၂၀၂၀) ရက်နေ့ (၁၆:၀၀)နာရီအချိန်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)အိမ်ထောင်စာအား(၂၃-၁၀-၂၀၂၀)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_oct2020

  • တိုက်ပွဲရှောင်စခန်း‌ရှိအိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၀-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ(KHCC) ဥက္ကဠ၊ ကရုဏာလူမှုစည်းလုံးညီညွှတ်ရေးအသင်း (KMSS)မှ ဒါရိုက်တာ၊ မြန်မာနိုင်ငံကြပ်‌ခြေနီအသင်းမှတာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့ RC တိုက်ပွဲရှောင်စခန်းတွင် ခိုလှုံနေသော နမ်ခမ်း၊ အင်္ဂါဂါးကျေးရွာများမှ တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက် မြို့ရှောင်လမ်းတွင် KMSSမှ တာဝန်ယူဆောက်လုပ်လှူဒါန်းသော နေရာသစ်ဖွင့်လှစ်ပွဲအားကျင်းပခဲ့ပြီး ပြန်လည်ရွေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စု (၂၆)စု၊ လူဦးရေ (၁၂၉)ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ … Read more

  • Covid-19 ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၀-၂၀၂၀) ရက်နေ့၌ နတ်မောက်မြို့နယ်၊ ရွှေပန်းတောကျေးရွာ အုပ်စု၊ ရွှေပန်းတောကျေးရွာ၊ ကျွန်းတောကျေးရွာ၊ မဲအိုင်ကျေးရွာ၊ စျေးကုန်းကျေးရွာနှင့် ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု၊ စာရံအိုင့် ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေး အန္တရာယ်များနှင့်ပက်သက်၍ ပြည်သူသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_oct2020

  • Covid-19 ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၀-၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ် (၇/၈/၉) ရပ်ကွက်များ၌ လှည့်လည်၍ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် လိုက်နာရမည် ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_oct2020

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Korea International Cooperation Agency (KOICA) မှ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူခရိုင်များရှိနေရပ်စွန့်ခွာသူများ အတွက် လူသုံးကုန်ပစ္စည်းများလှူဒါန်းပွဲ အခမ်းအနား တက်ရောက် မှုသတင်း

    ၂၃ အောက်တိုဘာ၊ နေပြည်တော် Korea International Cooperation Agency (KOICA) မှ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး နှင့် ကျောက်ဖြူခရိုင်များရှိ နေရပ်စွန့်ခွာသူများအတွက် လူသုံးကုန်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ UEHRD … Read more

  • Covid-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် AVSI FOUNDATION Myanmar ၊ မြို့နယ်ကြက်ခြေနီအဖွဲ့များနှင့်ပူးပေါင်း၍ (၂၃-၁၀-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှစ၍ လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စုနှင့် ကသပေါင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၀)ရွာများတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို Loud Speaker ဖြင့်လှည့်လှည်၍ ကြေညာခြင်း၊ အသိပညာပေးခြင်း၊ Masks များနှင့် လက်သန့်ဆေးရည်ဗူးများအားဝေငှခြင်း၊ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_oct2020