Latest News
-
သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ လူထုလှုပ်ရှားမှုများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင် ခြေလျှာ့ချရေးနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် (၁၃-၁၀-၂၀၂၀) ရက်နေ့ ည (၁၆:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ပုလောမြို့နယ်တံတားထိပ်တွင် IDDRRစတစ်ကာပါ mask များနှင့် Disposable face mask များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #tny_oct2020
-
သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ လူထုလှုပ်ရှားမှုများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင် ခြေလျှာ့ချရေးနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် (၁၃-၁၀-၂၀၂၀) ရက်နေ့တွင် (ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း) မြို့နယ်တို့၌ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) တို့နှင့် ပူးပေါင်း၍ Mask၊ လက်သန့်ဆေးရည်များ၊ အထိမ်း အမှတ်တီရှပ် အင်္ကျီများ၊ သဘာ၀ဘေးနှင့် Covid-19 အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #ayy_oct2020
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လူထုလှုပ်ရှားများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၀) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်နှင့် မြိတ်-ထားဝယ်ကားလမ်းမ၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် လူထုလှုပ်ရှားမှု ဆောင်ရွက်ရာ အဖွဲ့အစည်းများမှ လှူဒါန်းသော ဆပ်ပြာများကို ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #tny_oct2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ လူထုလှုပ်ရှားမှုများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင် ခြေလျှာ့ချရေးနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် (၁၃-၁၀-၂၀၂၀) ရက်နေ့၌ ပျော်ဘွယ်မြို့၊ မြို့ဝင်ဂိတ် နှင့် ပျော်ဘွယ် စျေးကြီး တို့တွင် mask နှင့် လက်ဆေးဆပ်ပြာခဲများအား ဝေငှခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #mdy_oct2020
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် Mask များ ဝေငှမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ (၁၃-၁၀-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်ရှိ မြို့အဝင်စစ်ဆေးရေးဂိတ်၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဦးစီးဌာန Logo ပါ Mask များကို ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #tny_oct2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၀-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ်၊ နောင်ရှင်ကျေး ရွာအုပ်စု (ကောင်းခမ်း၊ ကုန်းဟတ်၊ကုန်းစုံ၊ ဆမ်းပူးကျေးရွာ)၊ ပန်စံ(ဝိုး)ကျေးရွာ အုပ်စု(ဟုန်းလိုင်းကျေးရွာ)၊ ခန့်ခဲကျေးရွာအုပ်စု(ဟိုနမ့်၊ ကောင်းအိုက်ကျေးရွာ)တို့မှ ခဲရှင်ဘုန်းတော်ကြီးကျောင်းနှင့် ဟိုနမ့်ဘုန်းတော်ကြီးကျောင်းသို့ ထမ်မံရောက်ရှိလာသော အိမ်ထောင်စု(၉၆)စု၊ လူဦးရေ (၄၉၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ဖိုးငွေ(၁,၀၃၅,၃၀၀/-)ကျပ်အား (၁၃-၁၀-၂၀၂၀)ရက် (၀၉:၃၀)နာရီအချိန်တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးတို့အား လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောက်မဲမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ပရဟိတလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ချိတ်ဆက်၍ … Read more









