လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မမြောက်ရပ်ကွက်၊ သပြေတန်းရပ်တွင် (၃၀.၁၀.၂၀၂၀)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတိုက်စား၍ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂) လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ၊ လူဦးရေ(၁၄)ဦးအတွက်ဆန်ရိက္ခါ (၇)ရက်စာ(၂၉၄၀၀)၊စုစုပေါင်းထောက်ပံ့ငွေ(၁၂၉၄၀၀) အား (၃၁-၁၀-၂၀၂၀)ရက်နေ့ (၁၅:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_oct2020
Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)