ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ‌ပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မြို့မရပ်ကွက်၊ အဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း(YGW ) ဘုန်းတော်ကြီးစာသင်ကျောင်း၌ (၅-၁၁-၂၀၂၀)ရက်နေ့ (၁၃း၀၀)နာရီအချိန် မှ(၁၄း၃၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား ကျောင်းသား/သူ(၃၀)ဦးဖြင့် အသိပညာပေးဟောပြောခြင်း၊ ပိုစတာများ၊ ဗီနိုင်းများ၊ ငလျင်ရုပ်ပြစာအုပ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဇာတ်လမ်းတိုများ ပြသခြင်းများဆောင်ရွက်ခဲ့ပြီး ကျောင်းရှိကျောင်းသား/သူ(၂၀၀)ဦးအတွက် surgical mask (၅)ဗူး၊ မုန့်ထုပ်(၂၀၀)တို့ဖြင့် ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #bgo_nov2020 Source:             မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၁-၁၀-၂၀၂၀)ရက်နေ့တွင် လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ စုံလော ကျေးရွာအုပ်စု၊ နမ့်​မော်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ​လောင်ကျွမ်းပျက်စီးခဲ့သည့် အိမ်ခြေ(၃)လုံး၊ အိမ်ထောင် စု(၃)စုအတွက်တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးနှင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၁၀၀ဝဝဝ/-)ဖြင့် အိမ်ခြေ (၃)လုံးအတွက် ကျပ်(၃၀၀၀၀၀/-)၊ဘေးသင့် လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာကျပ်(၂၉၄၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၃၂၉၄၀၀-/)အား(၅-၁၁-၂၀၂၀)ရက်နေ့၊ နံနက် (၁ဝး၃၀)အချိန်တွင်မိုင်းကိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူဘေး သင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_nov2020 Source:             လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြစ်ဝကျေးရွာအုပ်စု၊ (ဒေါင့်ကြီး/ သံပုရာချောင်း)ကျေးရွာတို့၌ (၄-၁၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၈)လုံး၊ အိမ်ထောင်စု (၈)စုမှ လူဦးရေ (၃၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀,၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၈၁၉၀ဝ/-)ကျပ်၊ စုစုပေါင်း (၈၈၁၉,၀ဝ/-)ကျပ်အား (၅-၁၁-၂၀၂၀) ရက်နေ့၊ (၁၄:၂၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူများ … Read more

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၁၁.၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၅း၀၀) အချိန်အထိ ဇေယျာသီရိမြို့နယ်၊ သက်နှင်းအေးကျေးရွာ၊ သစ်တပ်ကလေးကျေးရွာ၊ မအူတောကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ စိမ်းစားပင်ကျေးရွာ၊ ကန်သာအေးကျေးရွာနှင့် ရွှေကျကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ ထိရောက်စွာအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #npw_nov2020 Source:             ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ နွန်းနီးယားကျေးရွာ၏ရွာ လယ်လမ်း(အကျယ်၁၈ပေ နှင့်အလျား၃၇၀၀ ပေ ခန့်ရှိ) သည် ရေများတဖြည်းဖြည်းစီးဆင်းရာမှ ချောင်းငယ်သဖွယ်ဖြစ်နေပါသဖြင့် ရွာလယ်လမ်းမြေဖို့ခြင်းလုပ်ငန်း​ ဆောင်ရွက်နိုင်ရန်အတွက် ​​ပဲခူးတိုင်းဒေသ​ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဦး၊ ကျေးလက်လမ်းဖွံ့​ဖြိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ရှိသူများသည် (၅.၁၁.၂၀၂၀)ရက်နေ့တွင် ကွင်းဆင်း​ကြည့်ရှုတိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #bgo_nov2020 Source:             ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၁-၂၀၂၀) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တော မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ နယ်မြေ(၂)၊ သဇင်လမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီး​လောင်ကျွမ်းပျက်စီး ဆုံးရှုံး ခဲ့သည့်  နေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၃)ပုံး (၁၀၄၅၅၉/-) အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၇)ရက်စာ(၂၅၂၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆၂၅၂၀ဝ/-) ကျပ်အား (၅-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် … Read more