ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ကမ်းပြိုဘေး ကယ်ဆယ်ရေးရန်ပုံငွေများ ထောက်ပံ့ပြီးစီးမှုအခြေအနေ

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် (၂၀-၁၁-၂၀၂၀)ရက်နေ့တွင် ​​ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၃၀၀၀၀ဝိ/-)၊ ​စုစုပေါင်းလူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၄၇၀ဝိ/-)၊စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၃၁၄၇၀ဝိ/-)အား  (၂၃-၁၁-၂၀၂၀) ရက်နေ့ (၁၃:၃၀)နာရီအချိန် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #ayy_nov2020 Source:             ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရကအ (၅)၊ ပပဝတီ (၈)လမ်း၌ (၂၂-၁၁-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)ပုံး (၃၄၈၅၃/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၈၄၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၀၈၄၀ဝိ/-)အား (၂၃-၁၁-၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #ayy_nov2020 Source:             ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ဖိုက်ဘာစက်လှေနှင့် ဆက်စပ်ပစ္စည်းများလွှဲပြောင်းထုတ်ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တဝမ်ချောင်း၊ နန်ဗျူချောင်းနှင့် တနိုင်းချောင်းတို့သည် မိုးတွင်းကာလတွင် ရေကြီးရေလျှံလေ့ရှိသဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဖိုက်ဘာစက်လှေ(၂)စီး၊ အသက်ကယ် အင်္ကျီ(၁၀)ထည်၊ အသက်ကယ်ကြိုး(၅)ခုနှင့် အသက်ကယ်ဘောကွင်း(၁၀)ကွင်းတို့အား တနိုင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထုတ်ပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #kcn_nov2020

  • ရာသီအလိုက်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များအကြောင်းနှင့် Covid-19 ကူးစက်ရောဂါဆက်လက်ထိန်းချုပ်နိုင်ရေးအသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊‌ ညောင်ဦးခရိုင်ဦးစီးမှူးရုံးအဖွဲ့သည် (၂၃-၁၁-၂၀၂၀) ရက်နေ့တွင် ညောင်ဦးခရိုင်အတွင်းရှိ ​ညောင်ဦးမြို့ပေါ်ရပ်ကွက်များနှင့် ကျောက်ပန်းတောင်းမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများအား ရာသီအလိုက်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ Covid-19 ရောဂါ ပျံ့နှံ့မှုမရှိစေရန် ပြည်သူများနေအိမ်တွင်နေထိုင်ရေးပန်ကြားချက်ကို လော်စပီကာ၊ Hand Speaker တို့ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_nov2020 Source:             ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀) ရက်နေ့၊ (ဝ၈:၀၀) နာရီအချိန် မှ (၁၂:၀၀) နာရီအချိန်ထိ လေးမျက်နှာမြို့နယ်၊ စာရေးကွင်း ကျေးရွာအုပ်စု၊ (ငွေတိမ်ညှင်း၊လေးအိမ်တန်း) ကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှု မပေါ်ပေါက်စေရေး ပြည်သူ သို့ ပန်ကြားချက်အား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာ ပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း(Mask)၊ သဘာ၀ဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၀) ရက်နေ့တွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာ၌ ဖြစ်ပွားခဲ့ သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၉၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၁၀,၅၀ဝိ/-) ကျပ် ၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၀,၅၀ဝိ/-) ကျပ်တို့ကို (၂၃-၁၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ … Read more